ထာဝရ နှစ်ဆ ရုပ်ရှင်ရိုက်ကွင်းမှာ ပြည်သူ့အချစ်တော်နှစ်ယောက်ဖြစ်ပါတယ်။ရွှေမှုံရတီကတော့ မျက်မှန်လေးနဲ့စာကြမ်းပိုးပုံစံလေးဖြစ်နေပါတယ်။အင်္ကျီလေးကလည်း အကြားဝမ်းဆက်လေးနဲ့ ပုံစံတစ်မျိုးလေး သရုပ်ဆောင်ထားပါတယ်။မြင့်မြတ်ကတော့ ဆိုးတဲ့ကာရိုက်တာ လေးနဲ့သရုပ်ဆောင်နေရပါတယ်။ဇာတ်ကားလေးကတော့ နေပြည်တော်မှာရိုက်ကူးနေတာဖြစ်ပါတယ်။

ဇာတ်ကားထဲမှာ အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ မြင့်မြတ်၊မင်းမော်ကွန်း၊ရွှေမှုံရတီ တို့ပါ၀င်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်ရုပ်ပီပြင်တဲ့ သရုပ်ဆောင်တွေကြီးပဲပါ၀င်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ဇာတ်ကားလေးကတော့ ဒရမ်မာဆန်ဆန် အချစ်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ရန်ကုန်မှာ မရိုက်ဘဲ နေပြည့်တော်မှာရိုက်ကူးဖြစ်တဲ့အတွက် ထူးခြားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်

မြင့်မြတ်ဟာ မြန်မာနိုင်ငံရဲ့သရုပ်ဆောင်အကောင်းဆုံး ဇာတ်ရုပ်ပီပြင်ဆုံး သရုပ်ဆောင်တစ်ယောက်ဖြစ်တာကြောင့် ပရိတ်သတ်အားပေးမှု အများဆုံးမင်းသားလည်းဖြစ်ပါတယ်။ရွှေမှုံရတီကလည်း အသက်ငယ်ငယ်နဲ့ အနုပညာဝါရင့်တစ်ယောက်လိုပါပဲ သရုပ်ဆောင်နိုင်သူတစ်ယောက်ပါ။သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ချစ်တဲ့ပရိတ်သတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - Myint Myat facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။