မြန်မာ့ရုပ်ရှင်လောကရဲ့ သရုပ်ဆောင်မှော်ကဝေမကြီးလို့ တင်စားကြတဲ့ ငါးထပ်ကွမ်းအကယ်ဒမီဆုရှင် မို့မို့မြင့်အောင်ကို ၁၉၆၀ ခုနှစ် ၊ မေ ၂၅ ရက်၌မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဖခင်ဖြစ်သူမှာ ၁၉၅၀ကာလများ၏ နာမည်ကျော်မင်းသားကြီး ဦးမြင့်အောင်ဖြစ်ပြီး မိခင်အမည်မှာတော့ ဒေါ်သန်းရဖြစ်ပါတယ်။မို့မို့မြင့်အောင်မှာတော့ မွေးချင်ငါးဦးရှိပြီး မွေးချင်းငါးဦးအနက် အငယ်ဆုံးသမီး ဖြစ်ပါတယ်။မို့မို့မြင့်အောင်ဟာတော့ငယ်စဉ်ကတာမွေမြို့ ကျောက်မြောင်းအရပ်တွင်ငယ်ဘဝကိုဖြတ်သန်းခဲ့ပါတယ်။တာမွေမြို့ အ.ထ.က (၁) တွင် အဋ္ဌမတန်းအထိပညာ သင်ယူခဲ့သော်လည်း ဖခင်၏အနုပညာမျိုးရိုးဗီဇပိုးပါလာသဖြင့် ကျောင်းပညာရေးကိုစွန့်လွှတ်၍အနုပညာလောကသို့ခြေစုံပစ်ဝင်လာခဲ့တာပါ။ပညာရေး၌မအောင်မြင်သော်လည်း တဖက်သရုပ်ဆောင်လောက၌မူ သူမတူသောအောင်မြင်မှုများဖြင့်ဖခင်ကိုယ်တိုင်ပင်ပိုင်ဆိုင်ခွင့်မရခဲ့သော အကယ်ဒမီဆုငါးဆုအထိဆွတ်ခူးနိုင်ခဲ့သော ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်။ 

၁၉၈၀ နှင့် ၁၉၉၀ဆယ်စုနှစ်များတွင် မို့မို့မြင့်အောင်၏ ခေတ်ဟုဆိုရလောက်အောင်ပင် သူမ၏ဖက်ရှင်နှင့် သရုပ်ဆောင်အမူအရာများမှာ မြန်မာရုပ်ရှင်ပရိသတ်များအပေါ် အတော်ပင်လွှမ်းမိုးခဲ့ပါတယ်။ခင်သီတာထွန်း ၊နွဲ့နွဲ့မူ ၊ ဆွေဇင်ထိုက်တို့ အောင်မြင်မှုစတင်ကျဆင်းလာသည့် ဆေးရောင်စုံခေတ်ဦးတွင် မို့မို့မြင့်အောင်၏ငယ်ရွယ်နုပျိူ သောအလှ၊ ကာလာခေတ်နှင့်လိုက်ဖက်အောင်ဆင်ယင်နိုင်သော ခေတ်မီအဝတ်အစားဒီဇိုင်းနှင့်ဆံပင်ပုံစံများ ၊ အခြားမင်းသမီးများနှင့်မတူ ထူးခြားသောဇာတ်ရုပ်များကို ပြင်းထန်သောအိုက်တင်အမူအရာများဖြင့် စိန်ခေါ်သရုပ်ဆောင်နိုင်မှုတို့ကြောင့် အချိန်တိုတွင်းမှာပင် ပြိုင်ဖက်ကင်းမင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်။

မို့မို့မြင့်အောင်၏ အနုပညာသက်တမ်းတစ်လျှောက်ရိုက်

ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများ

၁၉၇၃

-လှတာကိုမှလိုချင်တယ် (ကလေးသရုပ်ဆောင်များစွာ)

၁၉၈၂

-မွန်းတည့်ချိန်မှာနေဝင်သည် ( ကျော်ဟိန်း ၊ ချိူ ပြုံ း ၊

မို့မို့မြင့်အောင် )

၁၉၈၄

- နေကမ္ဘာ ရေကမ္ဘာ ( နေအောင် ခိုင်ခင်ဦး

မို့မို့မြင့်အောင် )

- သံယောဇဉ်ဆိုတာရှိတယ် ( နေအောင် ခိုင်ခင်ဦး

မို့မို့မြင့်အောင် )

- နှလုံးသားမြို့တော် ( နေအောင် ခင်သီတာထွန်း

မို့မို့မြင့်အောင် ) 

၁၉၈၅

- တိုက်ငမန်း ( နေအောင် မို့မို့မြင့်အောင် )

- သစ္စာသည်သာ ( ဇော်ဦး စိုးသူ မေဝင်းမောင်

မို့မို့မြင့်အောင် )

- နေရာချင်းတော့မလဲနိုင်ပါ ( ကျော်သူ မို့မို့မြင့်အောင် )

- ပွမ်ပွမ်မြည်တဲ့ကားလေး ( ကျော်သူ မို့မို့မြင့်အောင် )

- လုံမ ( မို့မို့မြင့်အောင် တေဇာ )

- ကျီးယောင်ဆောင်သောဒေါင်း ( ကျော်ဟိန်း ချ ို ပြုံး

မို့မို့မြင့်အောင် ) 

၁၉၈၆

- ချစ်ခြင်းငယ်ပြိုင်မယ် ( မိုးမင်း မို့မို့မြင့်အောင် ဆွေဇင်

ထိုက် )

- အချစ်ရဲ့ဆုလာဘ် ( ကျော်သူ ချိူ ပြုံး မို့မို့မြင့်အောင် )

- နွဲ့ဆိုး ( ကျော်ဟိန်း မို့မို့မြင့်အောင် )

- ပျံလွှား ( ကျော်သူ မို့မို့မြင့်အောင် )

- ဒီလှိုင်း ( ကျော်သူ မို့မို့မြင့်အောင် ဇင်မာဦး )

- ရှိန်းဆာယာ ( ကျော်သူ မို့မို့မြင့်အောင် )

- သမီးသမက်နဲ့ခမည်းခမက် (ပြေငြိမ်း မို့မို့မြင့်အောင်)

- ပြောဖို့လိုသေးလား ( စိုးသူ မို့မို့မြင့်အောင် )

- ချစ်ရမ္မက် ( စိုးသူ မို့မို့မြင့်အောင် )

- ဇာတ်လမ်းကတော့မသန်း ( မို့မို့မြင့်အောင်

မောင်သန်းဝင်း )

- အချစ်နဲ့တည်ဆောက်သော ဤကမ္ဘာ ( ပြေငြိမ်း

မို့မို့မြင့်အောင် )

- ချစ်ရင်မပြေးနဲ့ ( စိုးသူ မို့မို့မြင့်အောင် )

- ရင်ခုန်မိတာအချစ်လား ( ကျော်သူ ညွန့်ဝင်း မို့မို့မြင့်

အောင် ချ ို ပြုံ း )

- ချစ်ကြိုးလိမ် ( နိုင်မိုး စိန်မြင့် မို့မို့မြင့်အောင် ချ ို ပြုံ း )

- ညိုမကိုပြောလိုက်ပါ ( ကျော်ဟိန်း မို့မို့မြင့်အောင် )

- ပြန်ပါနဲ့ ကိုဧည့်သည် ( စိုးသူ မို့မို့မြင့်အောင် )

- ချစ်ရဲရင် စွန့်ရဲရမယ် ( စိုးသူ မို့မို့မြင့်အောင် )

- ချစ်မ ( ကျော်သူ မို့မို့မြင့်အောင် )

၁၉၈၇

- အစဉ်သဖြင့် ( ကျော်သူ မို့မို့မြင့်အောင် )

- ရေနတ်သမီးနဲ့သံပခြုပ် ( ကျော်သူ မို့မို့မြင့်အောင် )

- ပန်းမွေ့ယာဆီသို့ ( ပြေငြိမ်း မို့မို့မြင့်အောင် )

- သူ့ခြေ သူ့လက် သူ့မျက်ဝန်း (ရန်အောင် မို့မို့မြင့်

အောင် )

- မာနမင်းသား ( ကျော်သူ မို့မို့မြင့်အောင် ဇင်မာဦး )

- အချစ်ရှုံးသမား ( စိုးသူ တင်တင်ညို မို့မို့မြင့်အောင် )

- ကွက်ကျော် ( မို့မို့မြင့်အောင် မောင်သန်းဝင်း )

၁၉၈၈

- ပြေး ( ညွန့်ဝင်း မို့မို့မြင့်အောင် )

- ကို့ကို့ကိုချစ်လို့ ( ရန်အောင် မို့မို့မြင့်အောင် )

- အချစ်နားနီးအချစ် ( နေအောင် ရန်အောင် မို့မို့မြင့်

အောင် ) 

၁၉၉၀

- မုံး ( နေအောင် ထွန်းထွန်းဝင်း ရဲအောင် မို့မို့မြင့်

အောင် )

- ချစ်သတ္တိ ( ကျော်သူ ပြေငြိမ်း မို့မို့မြင့်အောင် )

- အသည်းပေါက်အောင်ချစ်တယ် (နေအောင် သုမောင်

မို့မို့မြင့်အောင် )

- မလိမ်မိုး မလိမ်မာ ( ညွန့်ဝင်း ပြေငြိမ်း မို့မို့မြင့်အောင်

မေဝင်းမောင် )

- ခပ်စိမ်းစိမ်းနေပါ့မယ် ( ရဲအောင် မို့မို့မြင့်အောင်

မေဆွိ သန်းသန်းစိုး )

- နဖူးမှာမှဲ့ပါတယ် ( ပြေငြိမ်း မို့မို့မြင့်အောင် )

- ကွေ့သောကောက်သော မျဉ်းဖြောင့်တစ်ကြောင်း

( ကျော်သူ မို့မို့မြင့်အောင် )

၁၉၉၁

- သံယောဇဉ်ချာတိတ် ( ကျော်သူ မို့မို့မြင့်အောင် )

- အရိုင်းစံပယ် (ကျော်သူ မို့မို့မြင့်အောင် တင့်တင့်ထွန်း)

- ကိုကိုဘာလို့မုန်းတာလဲ ( ကျော်သူ မို့မို့မြင့်အောင်

စိုးမြတ်သူဇာ )

- တောင်ကညို ပြိုတော့မယ် ( ညွန့်ဝင်း ကျော်သူ မို့မို့

မြင့်အောင် )

- မယ်သီတာလိုမိန်းကလေး

( ရန်အောင် မို့မို့မြင့်အောင် )

- ပန်းပန်လျက်ပါ ( ကျော်သူ မို့မို့မြင့်အောင် ဇော်ဦး )

၁၉၉၂

- အကြွေပန်းပေမဲ့ ရွှေနန်းတော့ထိုက်ချင်တယ်

( ကျော်သူ မို့မို့မြင့်အောင် ဇင်မာဦး )

- ရွှေရိုး ( ရန်အောင် မို့မို့မြင့်အောင် )

- သမီးနဲ့အမေများ ( မို့မို့မြင့်အောင် နွဲ့နွဲ့မူ ဆွေဇင်ထိုက်

မြင့်မြင့်ခိုင် )

- မေတ္တာရှိရင်းစွဲမို့ ( ကျော်သူ ရဲအောင် မို့မို့မြင့်အောင် )

- အပြန်လမ်းမှ ချစ်မေတ္တာ ( နေအောင် ရဲအောင် မို့မို့

မြင့်အောင် )

- ရမ္မက်စံအိမ် ( ရဲအောင် မို့မို့မြင့်အောင် )

- မွှေးဆိုသောမိန်းကလေး ( ရဲအောင် မို့မို့မြင့်အောင် )

- ငယ်သူမို့မသိပါ ( နေအောင် မို့မို့မြင့်အောင် )

- နိုင်တော်မူ ( ပြေငြိမ်း မို့မို့မြင့်အောင် )

- မလွမ်းချင်ဘူးသီရိပစ္စယာ (ရန်အောင် မို့မို့မြင့်အောင်)

- ကိုယ်ရယ် စိုးရယ် တိုးတိုးရယ် ( ရန်အောင် မို့မို့မြင့်

အောင် )

၁၉၉၃

- အချစ်မိုးဘယ်တော့ရွာမှာလဲ ( ကျော်သူ ဇော်ဦး

မို့မို့မြင့်အောင် )

- မာမာကတော့ မာမာပဲ ( ရန်အောင် မို့မို့မြင့်အောင် )

- လွမ်းလို့ကျန်ရစ်မှာကို အားနာပါတယ်လေ

( ကျော်သူ မို့မို့မြင့်အောင် စိုးမြတ်သူဇာ )

- ချစ်ဖူးတယ် ( ကျော်သူ မို့မို့မြင့်အောင် )

- အမှတ်တမဲ့မှ အမှတ်တရသို့ ( ရန်အောင် ရာဇာနေ

ဝင်း မို့မို့မြင့်အောင် )

- သခွပ်ပန်း ( ရဲအောင် ကျော်ရဲအောင် မို့မို့မြင့်အောင် )

- မောင်နှံခုနစ်ဖော် ( နေအောင် မို့မို့မြင့်အောင် )

- မြတ်နိုးတွယ်တာ ချစ်ရပါသောမောင် ( ရန်အောင်

ရဲအောင် မို့မို့မြင့်အောင် လူမင်း )

၁၉၉၄

- အမြတ်နိုးဆုံးနှင်း ( စိုးသူ ရန်အောင် မို့မို့မြင့်အောင် )

- စိန်ခေါ်နေတဲ့အချစ် ( ကျော်ရဲအောင် လွင်မိုး မို့မို့မြင့်

အောင် )

- အဆုံးမဲ့အချစ် ( ရဲအောင် မို့မို့မြင့်အောင် မေသဉ္ဇာဦး)

- နှောင်းခဲ့ပြီနွေ ( ကျော်သူ ဇင်ဝိုင်း မို့မို့မြင့်အောင် )

- သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်

( ကျော်သူ မို့မို့မြင့်အောင် ထွန်းအိန္ဒြာဗို )

- ခုနစ်အိမ်တန်းက မဂျမ်းဘုံ ( ကျော်သူ မို့မို့မြင့်အောင်

မျိူ းသန္တာထွန်း )

- ချောအိ ( ရန်အောင် မို့မို့မြင့်အောင် )

- ကျားခင်စိန် ( ကျော်ရဲအောင် အောင်အောင် မို့မို့မြင့်

အောင် )

- ဒဏ္ဍာရီထဲက သတို့သမီး ( ကျော်သူ မို့မို့မြင့်အောင် )

- အချစ်သည်တခါတရံ၌ (ဝင်းထွဋ်ဝင်း မို့မို့မြင့်အောင်)

- ဝေးမှာစိုးတယ် ( ရဲအောင် မို့မို့မြင့်အောင် )

- ပန်းအိပ်မက် (ကျော်သူ မို့မို့မြင့်အောင် ထွန်းအိန္ဒြာဗို )

၁၉၉၅

- လူဝိုင်း ( ဒွေး မို့မို့မြင့်အောင် )

- မိန်းမလည်သိန်းကြွယ် ( ဒွေး မို့မို့မြင့်အောင် )

- လေရူးမလေး ( ကျော်သူ မင်းဦး မို့မို့မြင့်အောင် )

- ဂျစ်တူး ( ဒွေး မို့မို့မြင့်အောင် )

- ကျမချစ်မိ အပြစ်ရှိသည် ( ကျော်သူ မို့မို့မြင့်အောင် )

- သရဖူ ( ရဲအောင် မို့မို့မြင့်အောင် ထက်ထက်မိုးဦး )

- မသုဓမ္မစာရီ ( ကျော်ရဲအောင် မို့မို့မြင့်အောင် )

- ခွဲမသွားနဲ့ အချစ်ဆုံးရယ် ( ရဲအောင် ကိုကိုလင်းမောင်

မို့မို့မြင့်အောင် )

၁၉၉၆

- ဖေဇော်ဂျီ နဲ့သူယောင်မယ် (ကျော်ရဲအောင် မို့မို့မြင့်

အောင် )

- ပြုံးသူမှာ မျက်ရည်စတွေနဲ့ ( နေအောင် ကျော်သူ

မို့မို့မြင့်အောင် )

- ခါတော်မှီ မနှင်းဆီ ( ကျော်သူ မို့မို့မြင့်အောင် မင်းဦး

ထက်ထက်မိုးဦး )

- သစ္စာဖြင့်စီရင်အပ်သော (ဒွေး ချ ို ပြုံး မို့မို့မြင့်အောင်)

- ရင်သွေးဟူက ( ရဲအောင် မို့မို့မြင့်အောင် )

- မိုးပေါ်ကဒေါင်းမ ( ရဲအောင် မို့မို့မြင့်အောင် )

- အချစ်မှာအပြစ်မရှိပါ ( ကျော်သူ မို့မို့မြင့်အောင် )

- လောကကြီးမှာ အင်အားအရှိဆုံးအရာ

( ရန်အောင် မို့မို့မြင့်အောင် )

- ချစ်ရည်းစား ( နေအောင် မို့မို့မြင့်အောင် )

၁၉၉၇

- တိုးတိုးလေးချစ်မယ် ( ရန်အောင် မို့မို့မြင့်အောင် )

- ကျော်တော့လှေသူကြီး ( လွင်မိုး မို့မို့မြင့်အောင် )

- တုယှဉ်နှိုင်းလဲမမီပါ ( ရန်အောင် မို့မို့မြင့်အောင် )

- ဘယ်ရပ်ဌာနေ ( ရဲအောင် မို့မို့မြင့်အောင် )

- ပြန်ခေါ်ချင်တော့ဘူး ( ရဲအောင် မို့မို့မြင့်အောင် )

- သူတို့ခေတ်နဲ့သူတို့အရွယ်

( နေအောင် ကျော်သူ ရန်အောင် ရဲအောင် လွင်မိုး

မို့မို့မြင့်အောင် ခင်သီတာထွန်း မေသန်းနု စိုးမြတ်သူ

ဇာ ထက်ထက်မိုးဦး ဇင်မာဦး )

၂၀၀၂

- အိပ်မက်ရာသီ (ဒွေး နေတိုး အိန္ဒြာကျော်ဇင်

မို့မို့မြင့်အောင် )

၂၀၀၃

- ယောက္ခမဆိုတာတစ်ခါက သမက်ပါ

( ကျော်သူ ရန်အောင် လွင်မိုး မို့မို့မြင့်အောင် မေသဉ္ဇာ

ဦး ခိုင်သင်းကြည် )

- မငြိမ်းသောမီး ( ဒွေး မို့မို့မြင့်အောင် နန္ဒာလှိုင် )

၂၀၀၈

- ရင်ခုန်နှင်းဆီ ( ကျော်သူ မို့မို့မြင့်အောင် စိုင်းစိုင်းခမ်း

လှိုင် သက်မွန်မြင့် )

- မြင်းမိုရ်ထက်ကသရဖူ ( နေတိုး မို့မို့မြင့်အောင်

အိန္ဒြာကျော်ဇင် )

- ဟော့ရှော့ ၁ ( သူထူးစံ မိုးအောင်ရင် မို့မို့မြင့်အောင်

မေသန်းနု သက်မွန်မြင့် သင်ဇာဝင့်ကျော် )

၂၀၀၉

- ဟော့ရှော့ ၂ ( သူထူးစံ မိုးအောင်ရင် မို့မို့မြင့်အောင်

အိန္ဒြာကျော်ဇင် မယ်လိုဒီ သင်ဇာဝင့်ကျော် )

၂၀၁၀

- ဟတ်ထိတယ် ( ရန်အောင် ရဲအောင် သူထူးစံ

မို့မို့မြင့်အောင် စိုးမြတ်သူဇာ အိန္ဒြာကျော်ဇင် )

၂၀၁၁

- ဟောရှော့ ၃ ( ရန်အောင် လွင်မိုး ရဲအောင် သူထူးစံ

မို့မို့မြင့်အောင် မေသန်းနု မေခလာ သက်မွန်မြင့် )

- အိုင်လပ်ဖ်ယူ ( ရန်အောင် သူထူးစံ မိုးအောင်ရင်

မို့မို့မြင့်အောင် သက်မွန်မြင့် မယ်လိုဒီ )

- ဖလန်းဖလန်းဖြစ်တဲ့အချစ် (ရန်အောင် နေတိုး

မို့မို့မြင့်အောင် အိန္ဒြာကျော်ဇင် )

၂၀၁၂

- အမွှေဇယား ( ရန်အောင် သူထူးစံ မိုးအောင်ရင်

မို့မို့မြင့်အောင် သက်မွန်မြင့် )

- ချစ်တယ်ပြောမှလွှတ်မယ် ( ရန်အောင် နေတိုး

ဝေဠုကျော် မို့မို့မြင့်အောင် သက်မွန်မြင့် စိုးမြတ်နန္ဒာ )

- ဟတ်ထိတယ် ၂ ( ရန်အောင် ရဲအောင် မို့မို့မြင့်အောင်

ထွန်းအိန္ဒြာဗို )

၂၀၁၆

- ရပ်ကွက်ဘုရင်မ ၁ ( မို့မို့မြင့်အောင် မေသန်းနု

စိုးမြတ်သူဇာ မေခလာ ခိုင်သင်းကြည် )

- ရပ်ကွက်ဘုရင်မ ၂

၂၀၁၇

- အရွယ်သုံးပါးချစ်တတ်သည် ( ရန်အောင် ကျော်ရဲ

အောင် ပြေတီဦး မို့မို့မြင့်အောင် ခိုင်သင်းကြည် ဝတ်

မှုန်ရွှေရည် ) 

သတင်းအရင်းအမြစ်-မို့မို့မြင့်အောင်burmese film stars

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။