Hyuna က သူ့ရဲ့ သီချင်း အသစ် “Babe” နဲ့ ပတ်သက်ပြီး အတွေ့အကြုံ နဲ့ “Lee Guk Joo’s Young Street” အယ်ဘမ် မှာ မိတ်ကပ်လုံးဝမသုံး ထားတဲ့ပုံတွေ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တာကို ပြန်လည်ပြောပြခဲ့ပါတယ်။ Lee Guk Joo က Hyuna ရဲ့အက နဲ့ပတ်သက်ပြီး ဝေဖန်ရာမှာတော့ Hyuna ဟာ တင်ပါးလှုပ်တဲ့ကကွက် တွေကိုအသုံးများသော်လည်း သီချင်း တစ်ခုနဲ့ တစ်ခုစီမှာ မတူညီကြပါဘူး။ “Bubble Pop” နဲ့ “Babe” မှာ ဆိုလည်း ကကွက်တွေမတူဘဲ ကွဲပြားပါတယ် လို့ထောက်ပြခဲ့ပါတယ်။ Hyuna က ထိုသို့ဝေဖန် တာကို သဘော တူခဲ့ပါတယ်။ ပြီးတော့ ပြံုးပြီး သူမ အနေနဲ့ “Bubble Pop” သီချင်းမှာ နားနားပြီးကနိုင်သော်လည်း “Babe” သီချင်းမှာတော့ မနားဘဲ ဆက်တိုက်ကရပါတယ် လို့ဆိုပါတယ်။

Hyuna က သူမရဲ့ အသံ နဲ့ပတ်သက်ပြီး “ဟုတ်ပါတယ်။ ကျွန်မ အသံက သူများနဲ့ မတူပါဘူး။ ပရိသတ်တွေက အသံကြားတာနဲ့ ကျွန်မကို မှတ်မိ နေတာကို ၀မ်းသာမိပါတယ်။ “Lee Guk Joo’s Young Street” အယ်ဘမ် မှာ မိတ်ကပ်လုံးဝမသုံး ထားတဲ့ပုံတွေ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး သူမက “ကျွန်မအခု အသက် ၂၆နှစ် ရှိပါပြီ ပြီးတော့ ကျွန်မရဲ့ မျက်နှာကို ပကတိ အတိုင်း ပရိသတ်ကို ပြသချင်တာကြောင့်ပါ” လို့သူမကဆိုပါတယ်။

သူမ ရဲ့ သီချင်း အသစ်ကို ထုတ်လွှင့် နိုင်မှုဟာ သူမ အတွက် အောင်မြင်မှုဖြစ်ပြီး၊ သူမ နဲ့ သူမရဲ့ ပရိသတ်ကြားမှာ ချစ်ခင်မှု ၁၀ နှစ်လည်းပြည့်ပြီဖြစ်ပါတယ်။ သူမ ရဲ့ ပရိသတ် တွေကတော့ “ Hyuna ရေ နင်အကောင်းဆုံး လုပ်ခဲ့ပါတယ်၊ ဆက်လက်အားပေးနေမှာပါ၊ ကျန်းကျန်းမာမာနေပါ၊ ပရိသတ်တွေကို လည်း စိတ်မပျက်ပါစေနဲ့” လို့သူမ ကိုအားပေးစကားပြောကြားခဲ့ကြပါတယ်။

Source: Korea entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။