NU’EST အဖွဲ့ဝင် Bea Kho နဲ့ JR တို့ဟာ KBS 2 TV မှာ ထုန်လွှင့်ပြသမယ့် Happy Together အစီအစဉ်မှာ ဧည့်သည်အနေနဲ့ ပါဝင်မယ်လို့ သိရပါတယ်။ အစီအစဉ်မှာ ပါဝင်မယ့်လို့ စက်တင်ဘာလ(၉)ရက်နေ့မှာ သတင်းတွေထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ထိုသတင်းကို“happy Together” အစီအစဉ်က အတည်ပြုပြောကြားခဲ့ပါတယ်။

Bea Kho နဲ့ JR တို့ဟာ အစဉ်အစီရဲ့ “Legendary Jodongari-Sing My Song” အစီစဉ်မှာ ပါဝင်မှာ ဖြစ်ပြီး စက်တင်ဘာလ(၈)ရက်နေ့မှာ ရိုက်ကူးခဲ့ကြပါတယ်။ သူတို့ဟာ Yoo Jea Suk ၊ Ji Suk Jin ၊ Kim Soo Yong နှင့် Park Soo Hong တို့ နှင့်အတူ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ထိုအပိုင်းကို ဒီလထဲမှာ ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။ “Happy Together 3” အစီအစဉ်ကို ကြာသပတေး နေ့တိုင်း ကိုရီးယားစံတော်ချိန် ည(၁၁)နာရီ (၁၀)မိနစ် အချိန်တွင် KBS 2 TV ရုပ်သံလိုင်းမှာ ထုတ်လွင့်ပြသနေတာဖြစ်ပါတယ်။

“Legendary Jodongari-Sing My Song” ကတော့ နာမည်ကြီးတဲ့ သီချင်းတွေကို သီဆိုခဲ့တဲ့ အဆိုတော်တွေကို Karaoke ဆိုင်တွေမှာ ဖိတ်ကြားတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ အဆိုတော်တွေနဲ့ ပါဝင်မယ့် သရုပ်ဆောင်တွေကို Karaoke ခန်းတစ်ခုမှာ လျှို့ဝှက်ခေါ်ထားပြီး အဆိုတော်တွေရဲ့ သီချင်းကို တစ်ယောက်ယောက်က ဆိုမယ်ဆိုရင် အဲ့အဆိုတော်က အိမ်ပြန်နိုင်မှာ ဖြစ်ပါတယ်။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။