မင်းသမီး Jeon Hye Bin ရဲ့ အေဂျင်စီ ဖြစ်တဲ့ Namboo Actors က သူမအနေနဲ့ ရုပ်ရှင်ဇာတ်ကားသစ် “Number Woman Gye Sook Ja” မှာ အဓိက သရုပ်ဆောင် အနေနဲ့ ပါ၀င်လာမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒီရုပ်ရှင် ကတော့ အချစ်ဟာသကားလေးဖြစ်ပြီး အသက် ၃၀ အရွယ် အမျိုးသမီးတွေမှာ ကြုံတွေ့ရတဲ့ ဘဝ ကို ဟာသလေးနဲ့ ပေါင်းစပ်ရိုက်ကူးထားတာပါ။

မင်းသမီး Jeon Hye Bin က ဒီရုပ်ရှင် ဇာတ်ကား မှာ Gye Sook Ja အနေနဲ့ သရုပ်ဆောင် ထားပါတယ်။ ဂိမ်း ကုမ္ပဏီ တစ်ခုရဲ့ မှတ်ဉာဏ် အလွန်ကောင်းပြီး အရည်အချင်းရှိတဲ့ team leader တစ်ယောက် အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ နောက်ဆုံး ရိုက်ကူးထားတဲ့ “Distorted” ရုပ်ရှင်ဇာတ်ကားမှာတော့ ပရိသတ် အကြိုက်ကိုတော်တော်လေးရရှိခဲ့ပါတယ်။ အဲ့ဒီ့ရုပ်ရှင်ဇာတ်ကားမှာ Oh Yoo Kyung အဖြစ် ဖိုတို ဂျာနယ်လစ် တစ်ယောက် အနေနဲ့ သရုပ်ဆောင်ထားပါတယ်။

အဲ့ဒီ့ “Distorted” ရုပ်ရှင်ဇာတ်ကား အပြီးမှာတော့ ဒီရုပ်ရှင် ဇာတ်ကားသစ် “Number Woman Gye Sook Ja” ကို ရိုက်ကူးခဲ့တာပါ။ မင်းသမီး Jeon Hye Bin က “ကျွန်မဒီဇာတ်ကား မှာ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ပရိသတ်တွေ အနေနဲ့ ကြိုက်ကြလိမ့်မယ်လို့ထင်ပါတယ်။ ပရိသတ်တွေ စောင့်ကြည့်ရကျိုးနပ် လိမ့်မယ်လို့လည်းထင်ပါတယ်” လိို့ ပြောကြားခဲ့ပါတယ်။

Source: Korea entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။