ထိကရုံးပင်လေးတွေကိုတော့ လူတိုင်းမြင်ဖူးကြမယ်ထင်ပါတယ်။ငယ်စဉ်အချိန်ကထိကရုံးပင်လေးတွေကို တို့ထိရင်းဆော့ကစားခဲ့ကြတယ့် အခိုက်အတန့်လေးကိုမှတ်မိကြအုံးမယ်ထင်ပါတယ်။သို့ပေမယ့်လည်း ထိကရုံးပင်လေးတွေဟာ ကျန်းမာရေးအတွက်အစွမ်းထက်တယ်ဆိုတဲ့အကြောင်းဝေမျှလိုက်ရပါတယ်။ထိကရုံးပင်လေးရဲ့အရသာကတော့ ဖန်ခါးအရသာရှိပါတယ်။

အကယ်၍ မိတ်ဆွေတို့မှာ ဆီးလွန်ရောဂါ ဖြစ်နေပါက ထိကရုံးအရွက်ကို ကြိတ်ပြီးတော့ ဆီးခုံပေါ်မှာ အုံပေးလိုက်ရင် ပျောက်စေနိုင်ပါတယ်။မြင်းသရိုက်၊ လိပ်ခေါင်း ရောဂါများ အတွက်ဆိုရင် ထိကရုံးအရွက်ကို အမှုန့်ဖြစ်အောင် လုပ်ပြီး နို့နဲ့ တွဲသောက်ပေးပါက ပျောက်စေနိုင်ပါတယ်။မိတ်ဆွေတို့ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အနာတွေပေါ်မှာ ထိကရုံးအမြစ်ကို သွေးပြီး လိမ်းပေးလိုက်ပါက အမြစ်များ ထွက်လာစေနိုင်ပါတယ်။ 

ထိကရုံးအမြစ်ကို ပြုတ်ပြီးသောက်ပေးပါက ဆီးအိမ်မှာ ဖြစ်တည်နေတဲ့ ကျောက်တွေကို ပျော်ပြီး ကွဲကျသွားစေနိုင်ပါတယ်။ထိကရုံး ပဉ္စငါးပါး (အခေါက်၊ အရွက်၊ အသီး၊ အပွင့်၊ အမြစ်) တို့ကို ကြိတ်ပြီး ရေနဲ့ဖျော်လူးပေးပါက ဖောရောင်ခြင်းကို ပျောက်စေနိုင်ပါတယ်။အနာဖြစ်ပြီး ရောင်အမ်းနေတယ်ဆိုရင် ထိကရုံး ပဉ္စငါးပါး (အခေါက်၊ အရွက်၊ အသီး၊ အပွင့်၊ အမြစ်) တို့ကို ကြိတ်ပြီး ရရှိလာတဲ့ အရည်ကို ကြက်တောင်နဲ့ သုတ်လိမ်းပေးပါက ပျောက်စေနိုင်ပါတယ်။ကျန်းမာသောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ.............

သတင်းအရင်းအမြစ်-ကျန်းမာရေးဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။