စပိန်နိုင်ငံလက်အောက်ကနေ ခွဲထွက်ဖို့အတွက် လူပေါင်းများစွာသောကတ်တလန်ဒေသခံများသည် တနလာၤနေ့က ချီတတ်စုရုံးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။မက်ဒရစ်အစိုးရက တားမြစ်ပိတ်ပင်ထားတဲ့ လွတ်လပ်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမကျင်းပမီ သုံးပတ်အလိုမှာပဲကတ်တလန်ပြည်သူများဟာ ယခုလိုစုရုံးကာ အင်အားပြသခဲ့တာလည်းဖြစ်ပါတယ်။"ကတ်တလန်ပြည်သူတွေဟာ ခွဲထွက်ရေးအတွက်မဲခွဲဆုံးဖြတ်ချင်ကြတယ်ဆိုတာကို သူတို့နားလည်သွားအောင် ကျွန်တော်တို့ ဘာများထပ်လုပ်ရအုံးမှာလဲ"ဟု လွတ်လပ်ရေးကြိုးပမ်းနေတဲ့အဖွဲ့မှ ဥက္ကဌဖြစ်သူ ကားလက်စ်ပွတ်ဒီမွန့်က သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

ကတ်တလန်ဒေသခံများဟာ အနီရောင်၊အဝါရောင်နဲ့ အပြာရောင်တို့ခြယ်သထားတဲ့ ကတ်တလန်အလံများနဲ့ "နူတ်ဆက်ပါတယ် စပိန် "ဟု ရေးသားထားသောစာတန်းများကို ကိုင်ဆောင်ထားခဲ့ကာ ဘာစီလိုနာမြို့အလယ်ပိုင်းတစ်လျှောက် ချီတတ်ဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်။"အကယ်၍ဆော်သြစည်းရုံးမှု အကြီးကြီးတစ်ခုကို ပြုလုပ်မယ်ဆိုလျှင် သူတို့မက်ဒရစ်မြို့မှာ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး" ဟု အသက် ၂၁ နှစ်အရွယ်ကျောင်းသား ဂျော်ဒီကာလာတာယွတ်ဒ်က အောက်တိုဘာလ ၁ ရက်နေ့တွင်ပြုလုပ်မည့် မဲခွဲဆုံးဖြတ်မှုကို ရည်းညွန်းကာပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး"ကတ်တလန်ပြည်သူတွေဟာ လွတ်လပ်ရေးအမှမ်တကယ်ရရှိအောင် ကြိုးစားကြမှာပါ။ကျွန်တော်တို့အင်အားအများကြီးရှိမယ်ဆိုရင် သူတို့ကျွန်တော်တို့ကို တားဆီးလို့မရပါဘူး" ဟု သူကဆက်ပြောခဲ့သေးတာလည်းဖြစ်ပါတယ်။အဆိုပါချီတတ်စုရုံးပွဲကို လူပေါင်းတစ်သန်းဝန်းကျင် တတ်ရောက်ခဲ့ကြကြောင်း ဘာစီလိုနာရဲတစ်ဦးက သူရဲ့တွစ်တာမှာ ရေးသားခဲ့တာလည်းဖြစ်ပါတယ်။သို့သော် ဗဟိုအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကတော့ လူပေါင်း ၃ သိန်းခွဲ ခန့်သာ တတ်ရောက်ခဲ့တယ်လို့ ပြန်လည်ရှင်းပြခဲ့ပါတယ်။

source - mizzima - news in burmese 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။