ဒီအဖြစ်အပျက်လေးကတော့ လပ်ခ်ဆော် (Luxor) မြို့တွင်းမှ ဘုရားကျောင်းထဲကို သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် မတောင်းခံဘဲ ဝင်ရောက်ခဲ့ပြီး ကိုယ်လုံးတီးဓာတ်ပုံ ရိုက်ခဲ့ခြင်းကြောင့်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ဘယ်လ်ဂျီယံနိုင်ငံသူ မော်ဒယ်တဦးဟာ ရှေးဟောင်း အီဂျစ်ဘုရားကျောင်းတခုတွင်းမှာ ကိုယ်လုံးတီးဓာတ်ပုံ ရိုက်ခဲ့ခြင်းဖြစ်ပါတယ်။ဘယ်လ်ဂျီယံနိုင်ငံသူ မော်ဒယ်က သြစတြေးလျ ဓာတ်ပုံဆရာတဦးဖြစ်တဲ့ ဂျက်ဆီ ဝေါ့လ်ကာနဲ့အတူ ရှေးဟောင်းဘုရားကျောင်းတွေထဲမှာယခုလိုရိုက်ခဲ့ခြင်းဖြစ်ပါတယ်။ 

အဲဒီမော်ဒယ်ဟာ သူ့ကိုယ်သူ လွတ်လပ်တဲ့ စိတ်ဝိညာဉ်နဲ့ သဘာဝ အရိုင်းဆန်ဆန် ဖော်ထုတ်ပြသသူ အနုပညာရှင်တဦးအဖြစ် ဖော်ပြခဲ့ကာ နိုင်ငံပေါင်း ၅၀ လောက်မှာ ခုလို ကိုယ်လုံးတီး အနုပညာဖန်တီးမှု ဓာတ်ပုံတွေ ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။ပါပန်က “သူတို့ကို ဒါဟာ အမြင့်မားဆုံး အနုပညာပြချက်တခုအဖြစ် လုပ်ဆောင်တာဖြစ်တယ်လို့ ရှင်းပြဖို့ ကျမတို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့က အနုပညာနဲ့ ကိုယ်လုံးတီးဖြစ်တည်မှု ဆက်နွယ်တာကို မမြင်ဘူးရှင့်။ သူတို့မျက်လုံးထဲမှာတော့ ဒါဟာ ညစ်ညမ်းမှုတခု၊ ဒါမှမဟုတ် တခုခုပေါ့ရှင်” လို့ ပြောပါတယ်။ 

မော်ဒယ်နှင့်ဓာတ်ပုံရိုက်သူ ၂ဦးဟာ လုံခြံရေးတင်းကျပ်သည့်ကြားက ယခုလိုဓတ်ပုံတွေရိုက်ကူးခဲ့တယ်လို့လည်းသိရပါတယ်။ကံမကောင်းစွာနဲ့ပဲ လှည့်ကင်းအစောင့်တွေတွေ့မြင်ခဲ့ရာမှ ဖမ်းစီးခဲ့ပြီး ရဲစခန်းဆီရိုက်နှက်ခေါ်ဆောင်သွားခံခဲ့ရတာဖြစ်ပါတယ်။သူတို့က ရဲတွေကို အလင်းအမှောင်စမ်းသပ်ဖို့ ကြိုးစားခဲ့တာသာဖြစ်တယ်လို့ ပြောခဲ့ကြပြီး ပုံတွေကို ဖျက်ခဲ့တာလို့ ဆိုပါတယ်။ဒါပေမယ့် ရဲတွေက မယုံကြည်ဘဲ ကင်မရာထဲက အက်စ်ဒီကတ်ကို စစ်ဆေးခဲ့ချိန်မှာ ဘာတခုမှ မတွေ့ခဲ့ကြပါဘူးလို့သိရပါတယ်။

သတင်းအရင်းအမြစ်-ဒီဗွီဘီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။