Goo Hye Sun & Ahn Jae Hyun

Blood ရုပ်ရှင် ဇာတ်ကား မှ ဒီလိုက်ဖက်တဲ့ စုံတွဲဟာ ရုပ်ရှင်ရိုက်ပြီး တော့လည်း တစ်နှစ်လုံး နှစ်ယောက်သား ချိန်းတွေ့ခဲ့ကြတာကို တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ သူတို့ဟာ ပျော်ပျော်ရွှင်ရွှင် လက်ထပ်ခဲ့ကြပါတယ်။ တကယ့်ကို ကြည်နူးဖို့ကောင်းတဲ့ စုံတွဲပါပဲ။

Park Han Byul & Jung Woo

သူတို့ နှစ်ယောက်ဟာ ၂၀၁၃ ခုနှစ် ၀န်းကျင်တစ်ဝိုက် က “One Well Raised Daughter” ဆိုတဲ့ ဇာတ်ကားမှာ ပထမဆုံး စတွေ့ခဲ့ကြတာပါ။ Han Byul ဟာ Se7en မှ အဆိုတော် နဲ့ လမ်းခွဲပြီးနောက်မှာပါ။ သူတို့ နှစ်ဦး ၂၀၁၅ မှာ ခပ်တန်းတန်း ဖြစ်သွားခဲ့သော်လည်း ပရိသတ်တွေကတော့ စောင့်ကြည့်နေကြပါတယ်။

Ji Hyun Woo & Yoo In Na

ဒီ စုံတွဲလေးကတော့ Ji Hyun Woo ကစပြီး ချိန်းတွေ့ဖို့တောင်းဆိုတာကနေ တွဲဖြစ်ကြတာပါ။ သူတို့ နှစ်ဦးဟာ ၂၀၁၂ ခုနှစ်က “Queen In Hyun’s Man” ဆိုတဲ့ ဇာတ်ကားမှာ အတူသရုပ်ဆောင်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် လည်း မေလ ၂၀၁၄ ခုနှစ်မှာ တော့ သူတို့နှစ်ဥိီး လမ်းခွဲ ခဲ့ကြပါတယ်။

Lee Min Ho & Park Min Young

၂၀၁၁ ခုနှစ်မှာ ရိုက်ကူးတဲ့ City Hunter ဇာတ်ကားမှာ Lee Min Ho နဲ့ Park Min Young တို့ဟာ ညဘက်တွေအထိ ရုပ်ရှင်အတွက် အတူတူ အလုပ်လုပ်ရင်း ညိသွားကြတာပါ။ အဲ့ဒီ့နောက်ကစပြီး သူတို့နှစ်ယောက် စတင်ချိန်းတွေ့ဖြစ်ခဲ့ကြပါတယ်။ တစ်နှစ်အကြာမှာတော့ အလုပ်တွေ အရမ်းများတာကြောင့် သူတို့နှစ်ယောက်ဟာ လမ်းခွဲပြတ်စဲခဲ့ကြပါတယ်။ မင်းသား Lee Min Ho ကတော့ miss A မှ Suzy နဲ့ ၂၀၁၅ ခုနှစ်ကတည်းက တွဲနေပါတယ်။

Ji Sung & Lee Bo Young

ဒီစုံတွဲ လေးကတော့ သူတို့ ၂၀၀၄ ခုနှစ်က ပါ၀င်သရုပ်ဆောင်ထားတဲ့ “Save The Last Dance For Me” ဇာတ်ကားပြီး ပြီးတဲ့နောက် လေးနှစ်ကြာတဲ့ အထိ မတွဲဖြစ်ကြပါဘူး။ ဒါပေမယ့် ပရိသတ်တွေ စောင့်ကြည့်ရကျိုးနပ် ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။

Eugene & Ki Tae Young

သူတို့နှစ်ယောက်ဟာ ၂၀၀၉ ခုနှစ်မှာ အတူသရုပ်ဆောင် ခဲ့ပြီးနောက်မှာ စတွဲဖြစ်ကြတာပါ။ ၂၀၁၁ ခုနှစ် ဂျူလိုင်လမှာတော့ သူတို့နှစ်ဦး လက်ထပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ကလေးလေး မွေးဖွားခဲ့ပါတယ်။

Kim Bum & Moon Geun Young

“The Jung Yi, Goddess of Fire” မှ စုံတွဲ ဟာ၂၀၁၃ခုနှစ် မှာ စတွဲခဲ့ကြပါတယ်။ တစ်နှစ်လောက်ပဲ တွဲဖြစ်ကြပြီး မကြာခင်ပျက်သွားခဲ့ပါတယ်။

Han Ga In & Yun Jung Hoon

ဒီစုံတွဲ ကတော့ အခြားအတွဲ တွေထက် အကြာဆုံးတွဲခဲ့ ကြတဲ့ စုံတွဲပါ။ သူတို့ဟာ ၂၀၀၃ ခုနှစ် ၀န်းကျင်မှာ စတင်ချိန်းတွေ့ခဲ့ကြပါတယ်။ “Yellow Handkerchief” ဆိုတဲ့ ဇာတ်ကားမှာ စတွေ့ပြီး နောက်မှာပါ။ သူတို့ဟာ ၂၀၀၅ ခုနှစ်က လက်ထပ်ခဲ့ကြပြီး အဲ့ထဲ က တစ်ဦးနဲ့တစ်ဦး မခွဲကြပါဘူး။ ၁၁ နှစ်လောက် အတူတွဲပြီးနောက် သူတို့ရဲ့ ပထမဆုံးကလေးကို ၂၀၁၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

Nam Joo Hyuk & Lee Sung Kyung

သတင်းတွေ အရတော့ သူတို့ နှစ်ဦးဟာ “Weightlifting Fairy Kim Bok Joo” ဆိုတဲ့ ရုပ်ရှင်ရိုက်ရင်း ချစ်ကြိုက်သွားကြတာပါ။ ရုပ်ရှင်ပြီးတဲ့နောက်မှာ လည်း ဆက်တွဲဖြစ်ကြပါတယ်။ သူတို့ဟာ မော်ဒယ် သရုပ်ဆောင် ဘဝထဲက သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ အဲ့ဒီ့ကနေ အဆင့်တက်ပြီး ချစ်ကြိုက်သွားကြတာပါ။ စိတ်မကောင်းစွာနဲ့ပဲ ဒီ အားကျရတဲ့ စုံတွဲ ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လ မှာ လမ်းခွဲခဲ့ကြပါတယ်။

Song Joong Ki & Song Hye Kyo

သူတို့နှစ်ဦးကတော့ နာမည်ကျော် “Descendents of the Sun” ဇာတ်ကားမှာ အလွန်လိုက်ဖက်ညီခဲ့ပါတယ်။ ဘာလီကျွန်းကို သွားရင်း ချိန်းတွေ့တယ်ဆိုတဲ့ ကောလဟာလသတင်း တွေထွက်ပြီး နောက်မှာတော့ သူတို့စုံတွဲ ဟာ အံ့သြဖွယ် လက်ထပ်ပွဲကို ကြေညာခဲ့ပါတယ်။ သူတို့ဟာ အောက်တိုဘာလ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားပါတယ်။

Source: Korea Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။