လောကကြီးက တကယ်ပဲ အံ့သြစရာ ကောင်းပါတယ်။ မဖြစ်နိုင်တာ မရှိဘူး၊ မဖြစ်သေးတာပဲ ရှိတယ်ဆိုတဲ့ စကားက တကယ်ပဲ မှန်ကန်ပါတယ်။ တစ်ခါတစ်လေ ဘယ်လိုမှ တွေးမထားတဲ့ အကြောင်းအရာတွေက အမှန်တကယ်ပဲ ဖြစ်လာတတ်ပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်နေတာ အရာတွေကလည်း ဖြစ်နေတတ်ပါတယ်။ အခုပဲ ကြည့်လိုက်ပါဦး … ကမ္ဘာ့ လက်သည်း အရှည်ဆုံး အမျိုးသမီးနဲ့ ကမ္ဘာ့ မျက်တောင် အရှည်ဆုံး အမျိုးသမီးအကြောင်းပါပဲ … ။ ရယ်စရာလိုလို၊ အ့ံသြစရာကောင်းသလိုလို ဖြစ်နေပေမဲ့ သူတို့ အကြောင်း ဆက်လေ့လာလိုက်ပါဦး …

You Jianxia

၂၀၁၈ ခုနှစ်အတွက် ကမ ္ဘာ့ ဂရင်းနစ်စံချိန် တင်ခဲ့သူကမ္ဘာ့ မျက်တောင်အရှည်ဆုံး လူသား You Jianxia ဖြစ်ပါတယ်။ သူမက တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မြောက်ဘက်၊ ဂျန်စု ပြည်နယ်မှာနေထိုင်သူ တစ်ဦးဖြစ်ပါတယ်။ သူမရဲ့ မျက်တောင်တွေက အရင်တင်ထားတဲ့ စံချိန် ထက်ကို သိသိသာသာ ကျော်လွန်ခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ မျက်တောင် အရှည်က ၄.၈၈ လက်မ (၁၂.၄ စင်တီမီတာ) ရှိပါတယ်။

၂၀၁၃ခုနှစ် ကနေစပြီး သူမရဲ့ မျက်တောင်တွေက သိသိသာသာ ရှည်ထွက်လာတာကို စပြီး သတိထားမိတာ ဖြစ်ပါတယ်။ ၁၈ လအတွင်းမှာပဲ မျက်တောင် အရှည်က ၄ လက်မ ကျော်ခဲ့တယ်လို့ သိရပါတယ်။

Ayanna Williams

Ayanna Williams ရဲ့ လက်သည်း အရှည်ကတော့ ၁၈ ပေနဲ့ ၁၀ လက်မ (၅၇၆.၄ စင်တီမီတာ) ရှည်ပါတယ်။ ဒါ့ကြောင့် သူမ ရဲ့ လက်သည်းက စံချိန်တင်သွားတာ ဖြစ်ပါတယ်။ သူမ ကတော့ လက်သည်းအလှပညာရှင် တစ်ဦးဖြစ်ပါတယ်။ အမေရိကန်မှာနေထိုင်တဲ့ အသက် ၆၀ ရှိပြီဖြစ်တဲ့ သူမက လက်သည်းတွေကို အခုလိုရှည်လာဖို့အတွက် ပိုးမွေးသလို မွေးခဲ့ရပါတယ်။ ပိုးသတ်ဆေးတွေ၊ လက်သည်း သန့်စင်ဆေးရည်တွေကိုလည်း အသုံးပြုခဲ့ရပြီး လက်သည်း မာဖို့အတွက်လည်း အရမ်း ဂရုစိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်သည်း အလှပုံဖော်ဖို့နဲ့ လက်သည်းဆိုးဖို့အတွက် အနည်းဆုံး အချိန် တစ်ပတ် ယူရပါတယ်။ သူမ အတွက်ကတော့ အဝတ်အစားလဲတဲ့အခါ ဘောင်းဘီချွတ်တာကလွဲပြီး ကျန်တဲ့ အိမ်မှုကိစ္စတွေကို အခက်အခဲ မရှိလုပ်နိုင်တယ်လို့လည်း သိရပါတယ်။

သတင်းအရင်းအမြစ် - Guinness 2018

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။