Rဇာနည်ကတော့ သိတဲ့အတိုင်းပါပဲအောင်မြင်တဲ့ အနုပညာရှင်အဆိုတော်တစ်ဦးပါ။သူရဲ့အောင်မြင်တယ့်သီချင်းလေးတွေကြောင့် ပရိသတ်အသိအမှတ်ပြုခံခဲ့ရတာဖြစ်ပါတယ်။အဆိုတော် အာဇာနည်ကတော့ သီချင်းဆိုတာတွင်သာတော်တာမဟုတ်ပါဘူး ကိုယ်တိုင်က ဟင်းကောင်းကောင်းချက်တတ်တဲ့အတွက် တော်ရုံတန်ရုံအပြင်မှာ စားတဲ့ အရသာတွေဆို အဆင်မပြေဘူးလို့လည်းသိရပါတယ်။

သူ့ရဲ့အချက်အပြုတ်လေးနဲ့ပတ်သက်ပြီး အဆိုတော် Rဇာနည်က People Magazine ရဲ့ ရိုက်ကူးရေး အစီအစဉ်လေးမှာ ဝက်သားပုန်းရည်ကြီးဟင်းချက်ပေးခဲ့ပါတယ်။အထူးသဖြင့် ပြောစရာရှိတာလေးကတော့ ဟင်းရည်ဆမ်းစားလို့ရအောင် ချက်ထားတဲ့ R ဇာနည်ရဲ့ ဝက်ပုန်းရည်ဟင်းပွဲအကြောင်းပါ။ ပုံမှန်အားဖြင့် ဝက်သားပုန်းရည်ကြီးချက်ရင် ဆီပြန်ဟင်းအနှစ်ချက်တတ်ကြပေမဲ့ R ဇာနည်ကတော့ သားလေးဖစ်ဖစ်တုန်က ထမင်းစားရင် အရည်လေးဆမ်းပြီး စားတတ်တဲ့အတွက် ဆီလည်ရေလည်လေး ချက်ခဲ့ပါတယ်။

အာဇာနည်ချက်နည်းလေးကတော့....အိုးထဲမှာ ဆီသင့်ရုံထည့်ပြီး ဆီပူလာတဲ့အခါ ကြိတ်ထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းနဲ့ အရောင်တင်မှုန့်ကို ထည့်ဆီသတ်ပါတယ်။ ဆီသတ်တာ နွမ်းလာတဲ့အခါ ဝက်သားထည့်မွှေပါတယ်။ ဝက်သားကျက်လို့ အနံ့လေးမွှေးလာတဲ့အခါ ရေနွေးအနည်းငယ်နဲ့ဖျော်ထားတဲ့ ပုန်းရည်ကြီးကိုထည့်မွှေလိုက်ပြီး အဖုံးခဏအုပ်ပြီး ချက်ပေးပါတယ်။ ဆီပြန်ခြောက်တဲ့အထိမချက်ဘဲ ဖစ်ဖစ်တုန်လေးအကြိုက် ဆီလည်ရေလည်လေး ပွက်လာတဲ့အခါ မီးဖိုကချပြီး သုံးဆောင်နိုင်ပါပြီ။အာဇာနည်ကတော့သူ့ရဲ့အချက်အပြုတ်အစွမ်းကိုဖော်ပြလိုက်ပါပြီ ။

သတင်းအရင်းအမြစ်-people magazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။