ယောကျာ်းလေးတစ်ယောက် ရဲ့ ပုံပန်းသွင်ပြင်ကို အရင်ဆုံးအကဲခတ်တဲ့အခါ သူတို့ရဲ့ အရပ်အမောင်းနဲ့ ခန္ဓာကိုယ်အချိုးအစားဖြောင့်တာကတော့ လူတိုင်းစိတ်ဝင်တစားကြည့်တဲ့အချက်ပါပဲ။

အထူးသဖြင့် သာမန်လူတွေမှာ အဲ့ဒီအချက်က အရေးမကြီးပေမယ့် အနုပညာရှင်တစ်ယောက်လုပ်မယ်ဆိုရင်တော့ နာမည်ကြီးဆယ်လီတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ အသွင်ပြင်အရပ်အမောင်းက အဓိက အရေးပါလာပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ အရပ်အမောင်းကြောင့်နာမည်ကြီးနေတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခို်င် ကွီးတွေရှိသလို မြန်မာပြည်မှာလည်း ပရိသတ်အချစ်တော် ဖြစ်တဲ့ အရပ်ရှည်ရှည်စမတ်ကျတဲ့ ကွီးတွေရှိနေပါသေးတယ်။

ပထမဆုံး တစ်ယောက်ကတော့ ကလေး(၄)ယောက်ဖေဖေဖြစ်ပေမယ့် အခုချိန်ထိ အရွယ်တင်နုပျိုလန်းနေသေးတဲ့ မင်းသားချော နိုင်နိုင်း ပါ။ အနုပညာလောကထဲစဝင်ချိန်ကထဲက ယနေ့ထိ လူကြိုက်များနေဆဲမင်းသားတစ်လက်အဖြစ်ရပ်တည်နေပါတယ်။

နောက်ထပ်မိတ်ဆက်ပေးချင်တဲ့ကွီး တစ်ယောက်ကတော့ အထူးတလည်ပြောစရာတောင်မလိုတဲ့ အဆိုတော်စိုင်းစို်ငး်ခမ်းလှိုင်ပါ။သူ့ရဲ့ အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားတတ်တဲ့ အပြောအဆိုဟန်ပန်တွေကတော့ မိန်းကလေးပရိသတ်တွေကို ဟတ်ထိစေတာပါပဲ။

ရုပ်ရှင်သရုပ်ဆောင် နေတိုးကလည်း အရပ်ရှည်ပြီး ယောကျာ်းပီသတဲ့ အရပ်အမောင်းခန္ဓာကိုယ်ပိုင်ဆိုင်ထားသူပါ။ ဘယ်လိုဖက်ရှင်နဲ့မဆို အမြဲတမ်းစမတ်ကျနေတတ်တာကတော့ သူ့ရဲ့ ဆွဲဆောင်မှုတစ်ခုလို့ဆိုရမှာပါပဲ.။

အောင်ရဲလင်း ကလည်း သူ့ရဲ့ 6 Pack နဲ့ အမိုက်စားBody ကြောင့် ပျိုမေတို့အသည်းစွဲ မင်းသားတစ်လက်ဖြစ်နေပါတယ်။ သရုပ်ဆောင် အောင်ရဲလင်း ဟာ Gym တွေဆော့ပြီးနောက်မှာ ပိုပြီးကြည့်ကောင်းလာတာကိုတွေ့ရမှာပါ။

Source - Cele fb

နောက်ဆုံးတစ်ယောက်ကတော့ လူမှုကွန်ရက်မှာ ကောင်မလေးတွေအများဆုံးဝန်းရခံရတဲ့ မင်းသားချော ပိုင်တံခွန်ပါ။

မော်ဒယ်တစ်ယောက်အဖြစ်အနုပညာလှုပ်ရှားမှုတွေစဖြစ်ခဲ့တဲ့ ပိုင်တံခွန် ဟာ ကြော်ငြာအပြင် ဇာတ်ကားတွေလည်းရိုက်ကူးနေရပြီး သူ့ရဲ့ ဖက်ရှင်ကလည်း အမြဲလန်းနေတတ်ပါတယ်။

ဘယ်သူ့ကို အချစ်ဆုံးလဲပရိသတ်ကြီးရေ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။