“လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း” ဆိုတဲ့ စာချိုးလေးက ပုဂံမြို့တစ်ခုလုံးရဲ့ပုံရိပ်လေးကို မျက်စိထဲကိုမြင်ရောင်လာစေပါတယ်။

ပုဂံလို့ဆိုလိုက်တိုင်း ရှေးကအုပ်ချုပ်ခဲ့တဲ့အနော်ရထာမင်းနဲ့ ဘာသာသာသနာနေလိုလလို ထွန်းလင်းတောက်ပခဲ့တဲ့ ပုဂံခေတ်ကိုလူတိုင်းဖတ်ဖူးမှတ်ဖူးကြလိမ့်မယ်လို့ထင်မိပါတယ်။တိုင်းပြည့်သာယာဝပြောခြင်း၊မင်းကောင်းမင်းမြတ်တို့အုပ်ချုပ်ခြင်း၊ဘုရား၊တရားသံဃာတို့ကို ယုံကြည်ကိုးကွယ်ခြင်းတို့ကြောင့် ပုဂံပြည်ကြီးဟာ စည်ပင်သာဟာဝပြောပြီး၊ဘုရားတည်ကျောင်းဆောက်ခြင်းဟာ လူတို့ရဲ့မလုပ်မဖြစ်လုပ်သင့်တဲ့ အရာတစ်ခုလို့သတ်မှတ်ပြီး ဘာသာတရားကိုကိုင်းရှိုင်းခဲ့ကြသူတွေပါ

ဒါကြောင့်လဲ ပုဂံမြို့ဟာလက်ညိုးထိုမလွဲနိုင်တဲ့ ဘုရားများစွာကို ယနေ့ခေတ်တအံတသြမြင်တွေ့ရမှာပါ။ယနေ့လို အံသြလောက်အောင် အနော်ရထာမင်းရဲ့လုပ်ဆောင်ချက် တွေဟာများစွာပါ၀င်ခဲ့ပါတယ်။တကယ်ဆိုလျှင် ပုဂံခေတ်ဟာ အရည်းကြီးတွေကြီးစိုးခဲ့တာပါ။ဒီလိုအရည်းကြီးတွေ ၀ါဒတွေဖုံးလွမ်းနေခဲ့တာပါ။ဒါကိုခက်ခက်ခဲခဲ အမြစ်ပြတ်တိုက်ထုတ်ခဲ့တာပါ။ဒါပြင် ပိဋိကတ်သုံးပုံကိုလည်း သထုံပြည်မှာရှိတဲ့မွန်တို့ထံမှာ ခက်ခက်ခဲခဲတိုက်ယူခဲ့တာပါ။ထိုသို့တိုက်ယူခဲ့ပြီး ဗုဒ္ဓဘာသာဝါဒကို ပုဂံပြည်ရဲ့ ပြည်သူတွေအားလုံးရဲ့စိတ်နုလုံးအသွေးအသားထဲထိ ဘာသာတရားရဲ့နက်ရှိုင်းပုံကိုဖြန့်ဝေခဲ့တာပါ။

အနော်ရထာမင်းလက်ထက်ကတည်းက အရည်းကြီးဝါဒကို အမြစ်ပြတ်နှိမ်နင်းပြီး ဗုဒ္ဓဘာသာကိုစည်ပင်သာယာဝပြောအောင်လုပ်ဆောင်ခဲ့ပါတယ်။ဒါပြင် ပုဂံခေတ်ပြီးနောက် ပင်းယ၊အင်းဝ၊တောင်ငူ၊ညောင်ရမ်း၊ကုန်းဘောင်ခေတ်တိုင်အောင် အစဉ်အဆက်ကိုးကွယ်ခဲ့ကြပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့် အနော်ရထားမင်ကြီးရဲ့ကျေးဇူးများစွာဟာ မိမိတို့မှာများစွာရှိနေပါတယ်။

အခုမြန်မာနိုင်ငံတော်ကြီးဟာ ဘာသာတရားယခုလိုတည်တန့်ခိုင်မြဲရခြင်းဟာ အနော်ရထာမင်းကြီးရဲ့ကျေးဇူးတရားတွေများစွာပါ၀င်နေပါတယ်။ပုဂံမြို့ကို အလည်ရောက်ခဲ့မယ်ဆိုရင်တော့ သင်ဟာပုဂံခေတ်က လူတွေရ့ဘာသာတရားကိုင်းရှိုင်းခဲ့ပုံကို လက်ညိုးထိုးမလွဲနိုင်တဲ့ ပုဂံဘုရားတွေကိုမြင်တာနဲ့သိနိုင်မှာပါ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။