တောင်ကိုရီယားနိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ 2PM အဖွဲ့မှ Taec Yeon ဟာ စစ်မှုထမ်းသွားပြီလို့ သိရပါတယ်။ Taec Yeon ဟာ 2PM အဖွဲ့ဝင် အဆိုတော် တစ်ယောက် ဖြစ်ပြီး အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ အသက်ပြည့်ပြီးတဲ့ အမျိုးသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် တာဝန်ကို Taec Yeon ဟာ 2PM အဖွဲ့ရဲ့ (၉)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာပဲ တိတ်တဆိပ် စစ်မှုထမ်းဖို့ သွားပြီ ဖြစ်ပါတယ်။

သူရဲ့ အေဂျင်စီက “ Taec Yeon ဟာ ဒီနေ့ နေ့လည်(၂)နာရီမှာ Gyeonggi ပြည်နယ်မှာရှိတဲ့ အဖြူရောင်မြင်းဌာနခွဲမှာရှိတဲ့ တပ်သားသစ် စုဆောင်းရေးစင်တာမှာ စစ်မှုထမ်းဆောင်ခဲ့တာ ဖြစ်တယ်” လို့ စက်တင်ဘာ(၄)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ တိတ်တဆိတ်ပဲ စစ်မှုထမ်းချင်တာကြောင့် ရက်နဲ့ နေရာကိုတော့ သတင်းထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိပါဘူး။ သူဟာ မိသားစုနဲ့ 2PM အဖွဲ့သားတွေ ရှေ့မှာသာ တိတ်တဆိတ် စစ်မှုထမ်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ သူစစ်မှုထမ်းရမယ့်ရက်ကို 2PM ရဲ့ (၉)နှစ်ပြည့် နှစ်ပတ်လည်မှာ ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ Tace Yeon ဟာ (၁၉၈၈)ခုနှစ် ဒီဇင်ဘာ(၂၇) ရက်နေ့ တောင်ကိုရီယားမှာ မွေးဖွားခဲ့တာဖြစ်ပြီး ဂီတပိုင်းမှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ အပြင် သရုပ်ဆောင်ပိုင်းမှာလည်း အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။

Source - Spoompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။