ဗဟုသုတအဖြာဖြာ

မုန်တိုင်း ပြီး လွတ်လာတဲ့ မိကျောင်းကြီး

Tom လွန်ခဲ့သော ၁၀ နေ့ က

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တော်တော်များများ ဟာရီကိန်းမုန်တိုင်း Irma ကြောင့်ရေအောက် ရောက်ပြီးနောက် ဒေသခံ ေတွေကတော့ ရေသတ္တဝါ တွေရဲ့ ရန်ကိုကြောက်နေရပါတယ်။ လမ်းပေါ်မှာ တော့ အတော်ကြီးမားတဲ့ မိကျောင်းကြီး တစ်ကောင်ဟာ လမ်းပေါ်မှာ လျှောက်သွးနေပါတယ်။

အာဏာပိုင်တွေကတော့ မုန်တိုင်းပြီး လွတ်မြောက်လာတဲ့ အန္တရယ် ရှိ သတ္တဝါ တွေကို သတိထားကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။ သတင်း တစ်ခုမှာ ရဲထရပ်ကား တစ်စီးက အဲ့ဒီ့ လွတ်လာတဲ့ မိကျောင်းကြီးနောက် ကို တောက်လျှောက် လိုက်ကြည့်တဲ့ ဗီဒီယို ဖိုင်လည်းထွက်ပေါ်လာပါတယ်။

အဲ့ဒီ့မိကျောင်းကို မီးသတ်ဝန်ထမ်းတွေက ပလတ်ဖောင်းပေါ် မှာ လျှောက်သွားနေတာကို အရင်ဆုံးတွေ့ရှိခဲ့ကြတာပါ။ ပြီးတော့ အဲ့ဒီ့ မိကျောင်းဟာ မျက်ခင်းပြင်ပေါ်မှာ လျှောက်သွားနေခဲ့ပါတယ်။ သက်ဆိုင်ရာကတော့ နောက်ထပ်မိကျောင်း ကဲ့သို့သော ရေသတ္တဝါ တွေတွေ့နိုင်တယ်လို့ လည်းသတိပေးထားပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။