သရုပ်ဆောင်၊မော်ဒယ်အနုပညာရှင်ရွှေပိုးအိမ်ကတော့အခုလိုပဲပွင့်လင်းစွာမေတ္တာရပ်ခံလိုက်ပါတယ်။တစ်ချိန်တုန်းကဖက်တီးမလေးဖြစ်ခဲ့ကြောင်းနဲ့လက်ရှိမှာလည်း ဖက်တီးမလေးတွေဘက်ကနေ တိုက်တွန်းစကားကိုအောက်ပါအတိုင်း တိုက်တွန်းလိုက်တာပါ။

ရွှေပိုးက အရင်က ပေါင်၁၈၀ကျော်အထိဝတဲ့ ဖက်တီးမလေး ပါရှင့်

အခုလဲသူများနဲ့ယှဉ်ရင်တော့ ဝနေတုန်းပါပဲ...ငယ်ငယ်ကဆိုဖက်တီးမလို့အခေါ်ခံရရင်

အရမ်းစိတ်ဆိုးတယ် ...

အဲဒါနဲ့ပက်သက်ပြီးတခုတော့ပြောချင်တယ် အကိုတွေ

မောင်လေးတွေ

ဝနေတဲ့မိန်းကလေးတယောက်ကို ဖက်တီးမ ဝတုတ်မခေါ်လိုက်တာ စလိုက်တာဟာ စတဲ့သူတွက်တော့ခဏလေးပါပဲ...

အစခံလိုက်ရတဲ့ မိန်းကလေးရဲ့ ရှက်တဲ့စိတ်ကတော့ တော်တော်နဲ့ပျောက်မသွားပါဘူး သူ့ကိုသူလဲအားငယ်စိတ်တွေဖြစ်လာတတ်ပါတယ်

အပြင်ထွက်ရမှာတောင်ကြောက်တဲ့ထိ အားငယ်ခဲ့ရပါတယ် ကိုယ့်ရဲ့ခဏတာ စလိုက်မူ့ တစ်ခုကြောင့် သူများစိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်သွားရတာမျိုးကို ရှောင်စေချင်ပါတယ်အဲ့ဒါကြောင့် အကိုတို့ မောင်လေးတို့ ကို မေတ္တာရပ်ခံချင်တာကတော့ ဖက်တီးမလေးတွေကို မနှိမ်ကြပါနဲ့လို့” လို့ရွှေပိုးအိမ်ကဆိုပါတယ်။

ပရိသတ်ကြီးလည်း ဖက်တီးလေးတွေကို ကိုယ်ချင်းစာတက်ကြပါစေ။ မည်သို့ပင်ဆိုစေကာမှု လူလူခြင်းပဲအပြန်အလှန်လေးစားချစ်ခင်စောင့်ရှောက်တက်ကြပါစေ။အဲ့လိုမျိုးလူတကာကိုနှိမ့်ချပြီးအနိုင်ကျင့် ဆက်ဆံပြောဆိုတက်တာက လူမပီသတဲ့လူပါ။

Aung

Source: ရွှေပိုးအိမ်ဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။