နေခြည်ဦးဟာ သူမအတွက် အကောင်းဆုံး ယောင်္ကျားလေးကို တွေ့ရှိခဲ့ပြီလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ချီချီ ဟာ New York ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ချီချီ က သူမအသုံးပြုတဲ့ fb စာမျက်နှာတွင် ဓာတ်ပုံများနှင့် အခုလို

"Found my perfect man ?? (style wise)" ဟု ရေးသားထားတာ ဖြစ်ပါတယ်။

Relationship တစ်ခုမှာဆိုရင် ဘယ်လို Relationship မျိုးမဆို နားလည်မှုတွေ အများကြီးလိုတယ်လို့ ထင်ပါတယ်တဲ့။ သူမရဲ့ လက်ရှိ Relationship ကတော့ အလုပ်တွေ များနေတဲ့အတွက် Relationship ကို သပ်သပ်ကြီး မစဉ်းစားနိုင်ဘူး လို့ ဆိုပါတယ်။

သူမအနေနဲ့ Family Relationship ကို ကောင်းမွန်အောင် အရင်လုပ်ဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။

နေခြည်ဦးဟာ အောင်မြင်တဲ့ Beauty Blogger တစ်ယောက် ဖြစ်ပြီး လက်ရှိမှာတော့ New York ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ နေခြည်ဦးဟာ New York တွင် ကျင်းပပြုလုပ်မယ့် New York Fashion Week ပွဲတတ်ရောက်ဖို့ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် ပထမဦးဆုံး  ဖိတ်ကြားခံရတာ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။