ဗုဒ္ဓဟူး နေ့မှာ စင်ကာပူနိုင်ငံမှာ သမ္မတသစ် တက်လာတော့မှာပဲဖြစ်ပါတယ်။ သူမရဲ့ နာမည် ကတော့ Halimah Yacob ပါ။ အသက် ၆၃ နှစ်ရှိပြီဖြစ်ပြီး ယခင်က ပါလီမန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဖြစ်အမှုထမ်းခဲ့ပါတယ်။ ဗုဒ္ဓဟူး နေ့ ကျမ်းသစ္စာ ကျိန်ဆို ချိန်မှာတော့ သူမဟာ စင်ကာပူနိုင်ငံ ရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာမှာ ဖြစ်ပြီး ဆယ်စုနှစ် ငါးခုအတွင်း ပထမဆုံး မလေး တိုင်းရင်းအနွယ်ဝင် အမျိုးသမီးတစ်ဦးဖြစ်လာမှာပါ။ တနလာင်္နေ့ ကတော့ သမ္မတ ရွေးချယ်တင်မြှောက်ရေး ကော်မရှင်က သူမဟာ တစ်ဦးတည်းသော အရည်အချင်းပြည့်မှီ တဲ့ သမ္မတလောင်း တစ်ဦး အဖြစ် သတ်မှတ်ခဲ့ပါတယ်။ တခြား ၀င်ရောက်ယှဉ်ပြိုင်တဲ့ သမ္မတလောင်းများကို ကော်မရှင် က အရည်အချင်းပြည့်မှီ ခြင်းမရှိကြောင်း သတ်မှတ်ခဲ့တာကြောင့် သူမဟာ ပြိုင်ဘက်မရှိဘဲ သမ္မတဖြစ်လာမှာပါ။ ရွေးကောက်ပွဲ လည်းကျင်းပမှှာမဟုတ်တော့ပါဘူး။

လက်ရှိ အချိန်မှာတော့ စင်ကာပူ အစိုးရကို ၀န်ကြီးချုပ် လီရှန််လွန်း က ဦးဆောင်နေပါတယ်။ သူဟာ ၂၀၁၅ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ တဲ့ စင်ကာပူနိုင်ငံကို တည်ထောင်ခဲ့တဲ့ ၀န်ကြီးချုပ် လီကွမ်ယု ရဲ့သားလည်း ဖြစ်ပါတယ်။ မစ္စတာ လီရှန်လွန်း ဟာ ၁၉၅၉ ခုနှစ်ကတည်းက တည်ထောင်ထားတဲ့ People's Action Party (PAP) ကို ဦးစီးဦးဆောင် နေပါတယ်။ ယနေ့မှာတော့ People's Action Party (PAP) ဟာ ပါလီမန်ရဲ့ အမတ်နေရာ ၈၉ နေရာမှာ ၈၃ နေရာကို ထိန်းချုပ်ထားပါတယ်။

မစ္စ Halimah ဟာ သမ္မတ ရွေးကောက်ပွဲ အတွက် ၀င်ရောက်မယှဉ်ပြိုင်မီ ပါလီမန်အဖွဲ့ ၀င်တစ်ဦး ဖြစ်ခဲ့ပြီး People's Action Party (PAP) ရဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ "ကျွန်မ ပြောနိုင်တာ ကတော့ ကျွန်မ အနေနဲ့ စင်ကာပူပြည်သူတွေအတွက် လုပ်ပေးနိုင်သလောက် အကောင်းဆုံးလုပ်ဆောင် သွားမယ်လို့ ကတိပေးပါတယ်။" လို့ သမ္မတ ရွေးချယ်တင်မြှောက်ရေး ကော်မရှင်က သူမကို တစ်ဦးတည်းသော အရည်အချင်းပြည့်မှီ တဲ့ သမ္မတလောင်း အဖြစ် သတ်မှတ်ခဲ့တဲ့နောက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သူမရဲ့ ရွေးကောက်ပွဲ ဆောင်ပုဒ် ဖြစ်တဲ့ "Do Good, Do Together" ဟာ သတ်ပုံမကျဘူးလို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရသော်လည်း သူမကတော့ ထိရောက်မှုရှိတယ် လို့ ခုခံပြောဆိုထားပါတယ်။

အစိုးရအဖွဲ့ အတွင်းမှာ တရုတ်တိုင်းရင်းသားများ ကလွှမ်းမိုးနေပြီး အစိုးရအဖွဲ့ရဲ့ လေးပုံ ပုံ သုံးပုံ ရှိပါတယ်။ မလေး လူဦးရေ ဟာ စင်ကာပူနိုင်ငံလူဦးရေ ရဲ့ ၁၃ ရာခိုင်နှုန်းရှိပါတယ်။ အစိုးရ ဟာ မနှစ်ကစပြီး သမ္မတ ရွေးချယ်ရေး အရည်အချင်းသတ်မှတ်ချက်တွေကို တင်းကျပ်ခဲ့တာပါ။ ငါးကြိမ်ဆက်တိုက် သမ္မတရာထူးနေရာမှာ မလေးလူမျိုး တစ်ယောက်မှ မထမ်းဆောင်ခဲ့ဖူးတာကြောင့် ယခုအကြိမ်မှာ မလေးလူမျိုးတစ်ယောက် ကိုခွင့်ပြုဖို့ အစိုးရက သတ်မှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

Source: The New York Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။