Apple ကုမ္ပဏီ ဟာ အင်္ဂါနေ့ မှာ iPhone X ကိုမိတ်ဆက်လိုက်ပါတယ်။ Glass နဲ့ Stainless Steel တို့ နဲ့ပြုလုပ်ထားပြီး display ပိုင်းမှာပိုမို ကောင်းမွန်တဲ့ ဒီဖုန်းကို CEO Tim Cook က iPhone စပေါ်စဉ်က စပြီး နည်းပညာဆိုင်ရာ ရှေ့ဆောင်မှု အဖြစ် ပြောဆိုလိုက်ပါတယ်။

မိတ်ဆက်ချိန်မှာတော့ ပေါက်ကြားထားတဲ့ သတင်းတွေအတိုင်း ပါ၀င်လာပါတယ်။ ဒါပေမယ့် iPhone X ရဲ့ စျေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၉၉၉ ပေါက်စျေးရှိတာကြောင့် မျက်ခုံးပင့်နေရဆဲ စျေးပါ။ နိုဝင်ဘာ ၃ ရက်နေ့မှာ စတင်ဖြန့်ချိ မယ့် အစီအစဉ်ကို လည်း ပိတ်ရက် အားလပ်ရက် မတိုင်ခင်ဖြန့်ချိ တာဖြစ်တာကြောင့် iPhone နှစ်သက်သူ တွေက ပစ္စည်းပျက်သွားမှာကို စိုးရိမ်နေကြပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေ ကတော့ ဒီအသစ် မိတ်ဆက်လိုက်တဲ့ iPhone ကိုစျေးကွက်အတွင်းရောင်းကောင်းဖို့ မျှော်လင့်နေကြပါတယ်။ မနှစ်ကတော့ ကုမ္ပဏီ ရဲ့ ရောင်းအားဟာ ကျဆင်းခဲ့ပါတယ်။ ၀ယ်ယူသူတွေ အနေနဲ့ iPhone 7 ကို iPhone 6 နဲ့တူတယ် ဆိုပြီး ၀ယ်ယူဖို့ ငြင်းပယ်ခဲ့ကြလို့ပါ။

iPhone X မှာ အားသွင်းတဲ့ အခါ wireless charging ဖြစ်မှာပါ။ အနီအောက်ရောင်ခြည် ကင်မရာ တစ်လုံးနဲ့ facial recognition အတွက် hardware တွေပါ၀င်လာပါတယ်။ အဲ့ဒီ့ နည်းပညာသစ်ဟာ ယခင် အသုံးပြုနေတဲ့ ဖုန်းကို Fingerprint sensor နဲ့ unlock လုပ်တဲ့ နည်းပညာကို အစားထိုးထားပါတယ်။ Home Button လည်းပါရှိတော့မှာ မဟုတ်ပါဘူး။ အသုံးပြုသူ အနေနဲ့ ဖုန်းကို လက်ဖျားနဲ့ ထိရုံနဲ့ အလွယ်တကူ display ပြမှာပါ။

iPhone X ရဲ့ screen အရွယ်အစားကတော့ ပိုမိုသေးငယ်လာသော်လည်း လက်ရှိ iPhone 7 plus ရဲ့ အရွယ်အစားလောက်ရှိပါတယ်။ နည်းပညာသစ် OLED ကိုအသုံးပြု ထားတာကြောင့် colors ပိုင်းမှာ ပိုမိုကြည်တောက်လာပါတယ်။

Apple ဟာ iPhone 8 နဲ့ iPhone 8 Plus တို့ကိုလည်းမိတ်ဆက်ခဲ့ပါသေးတယ်။ စျေးအသက်သာဆုံး iPhone 8 model မှာ memory 64 gigabytes ပါ၀င်လာပြီး စျေးနှုန်းအနေနဲ့ အမေရိကန်ဒေါ်လာ ၆၉၉ နဲ့ ရ၉၉ ရှိမှာပါ။ အဆင့်မြှင့်တင်ထားတဲ့ Apple Watch ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ အဲ့ဒီ့ new Series 3 ဟာ iPhone ကိုသယ်သွားစရာမလိုဘဲ ဖုန်းခေါ်ဆိုခြင်း နဲ့ အင်တာနက် အသုံးပြုခြင်း တို့ကိုပြုလုပ်နိုင်မှာပါ။ စျေးနှုန်းအနေနဲ့ အမေရိကန်ဒေါ်လာ ၃၉၉ ကျသင့်မှာပါ။ အဆင့်မြှင့်တင်ထားတဲ့ Apple TV ကတော့ ရုပ်ထွက် အကောင်းဆုံး 4K resolution နဲ့ကြည့်ရှုနိုင်မှာပါ။

Source: msn news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။