ဘီလီလမင်းအေးကတော့ ပရိသတ်သိတဲ့အတိုင်းပါပဲ Myanmar Idol အစီအစဉ်ကတည်းက ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။ဘီလီလမင်းဟာ စက်တင်ဘာ၁၁ရက်နေ့က ဟောင်ကောင်ကို သူမရဲ့ အဖေနဲ့အတူ ခရီးသွားခဲ့တယ်လို့သိရပါတယ်။သူမဟာ သူမရဲ့လှုပ်ရှားပုံတွေကို ပရိသတ်တွေအတွက်ဓာတ်ပုံလေးတွေတင်ပေးလေ့ရှိပါတယ်။ 

ယခုအခါဟောင်ကောင်ကိုရောက်ရှိနေတယ့် ဘီလီလမင်းအေးရဲ့ ဓာတ်ပုံအလန်းလေးတွေကို ပရိသတ်တွေအတွက် ကြည့်ရှူ့ဖို့တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။သူမရဲ့ ပရိသတ်တွေကတော့ သူမကို ကျန်းမာရေး ဂရုစိုက်ဖို့အတွက် မှာထားတဲ့ ကောမန့်တွေကလည်း အများကြီးပါ။ဘီလီလမင်းအေးကတော့ ါပဲ Myanmar Idolအစီအစဉ်ပြီးခဲ့တယ့်နောက်ပိုင်း ပွဲတော်တော်များများ တက်ရောက်သီဆိုမှုတွေပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီနှစ်ထဲမှာ သူမရဲ့ တစ်ကိုယ်တော်အခွေကို ထွက်ဖို့လည်းကြိုးစားနေတယ်လို့သိရပါတယ်။ဒါပေမယ့်လည်း ကိုသားငယ်စီးရီးထွက်ရှိပြီးမှ မိမိတစ်ကိုယ်တော်အခွေထုတ်ဖြစ်မယ်လို့လည်းသိရပါတယ်။ဘီလီလမင်းအေးကတော့ သူမရဲ့တစ်ကိုယ်တော်ခွေထဲမှာ ပရိသတ်တွေအတွက် အကောင်းဆုံးဖြစ်စေဖို့အတွက် တက်နိုင်သမျှအချိန်ပေးပြီးကြိုးစားသွားမယ်လို့လည်း သူမကပြောထားပါသေးတယ်။

သတင်းအရင်းအမြစ်-Billy La Min Aye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။