ယမန်နေ့ညကတော့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်များကိုကစားခဲ့ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိူင်တက်ကတော့ အိမ်ကွင်းမှာကစားခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက် အနေဖြင့် ဘေဆယ်ကို ယှဉ်ပြိုင်ခဲ့တာပါ။ အုပ်စုအဖွင့်ပွဲဖြစ်တာနှင့်အညီ ၂သင်းလုံးက အားထည့်ပြီး ကစားသွားပါတယ်။

ပထမပိုင်းမှာပဲ အသင်းခေါင်းဆောင် ပေါ့ဘာတစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ ထွက်သွားတဲ့ ပေါ့ဘာနေရာကို ဖယ်လိုင်နီနှင့် မော်ရင်ဟိုက အစားထိုးခဲ့ပါတယ်။ ဖယ်လိုင်နီအနေဖြင့် ပွဲချိန် ၃၅မိနစ်မှာ ယန်းရဲ့ပေးပို့မှုကနေ ၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းစတယ်ဆိုတာနှင့် မန်ချက်စတာယူနိုင်တက်က ဖိအားပေး တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ 

ပွဲချိန် ၅၃မိနစ်မှာတော့ တိုက််စစ်မှူး လူကာကူက ဘလင်းရဲ့ပေးပို့မှုကနေ ၁ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲချိန် ၈၃မိနစ်မှာတော့ လူစားဝင်လာတဲ့ လူငယ်တိုက်စစ်မှူး ရက်ဖို့က တတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါ့ကြောင့် ရက်ဖို့က ကစားသမားဘဝရဲ့ ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ် ။ ရက်ဖို့ဟာ ကစားသမားဘဝမှာ ပထမဆုံး ပွဲထွက် ကစားပေးခဲ့တဲ့ …

ချန်ပီယံလိဂ်

ယူရိုပါလိဂ်

ပရီးမီးယားလိဂ်

လိဂ်ဖလား

အင်္ဂလန် ( လက်ရွှေးစင်အသင်းကြီး)

အင်္ဂလန် (ယူ၂၁) တို့အတွက် ဂိုးသွင်းယူနိုင်ခဲ့ပါပြီ။

Hein

Source – Bleacher Report

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။