ယမန်နေ့ညကတော့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်များကိုကစားခဲ့ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိူင်တက်ကတော့ အိမ်ကွင်းမှာကစားခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက် အနေဖြင့် ဘေဆယ်ကို ယှဉ်ပြိုင်ခဲ့တာပါ။ ပထမပိုင်းမှာပဲ အသင်းခေါင်းဆောင် ပေါ့ဘာတစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ 

ထွက်သွားတဲ့ ပေါ့ဘာနေရာကို ဖယ်လိုင်နီနှင့် မော်ရင်ဟိုက အစားထိုးခဲ့ပါတယ်။ ဖယ်လိုင်နီအနေဖငြ့် ပွဲချိန် ၃၅မိနစ်မှာ ယန်းရဲ့ပေးပို့မှုကနေ ၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းစတယ်ဆိုတာနှင့် မန်ချက်စတာယူနိုင်တက်က ဖိအားပေး တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ ပွဲချိန် ၅၃မိနစ်မှာတော့ တိုက််စစ်မှူး လူကာကူက ဘလင်းရဲ့ပေးပို့မှုကနေ ၁ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲချိန် ၈၃မိနစ်မှာတော့ လူစားဝင်လာတဲ့ လူငယ်တိုက်စစ်မှူး ရက်ဖို့က တတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ 

ပေါ့ဘာဟာဘေဆယ်နဲ့ချန်ပီယံလိဂ်ပွဲက ရခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် (၃)ပတ်လောက်နားရတော့မှာဖြစ်ပါတယ်။ ပွဲအပြီးမှာ ပေါ့ဘာက''အရိုးသားဆုံးပြောရရင်ဘယ်လောက်နားရမလဲကိုမသိပါဘူး။ ကျွန်တော့်အတွေ့အကြုံအရတော့ ပုံစံကြည့်ရတာ တံကောက်ကြောထိသွားဖြစ်ပါမယ်။ ဒဏ်ရာကြီးလား၊သေးလားတော့မသိဘူး။ တံကောက်ကြောဒဏ်ရာဆိုတာတော့သေချာပါတယ်'' လို့ပြောခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ပေါ့ဘာအနေနှင့် ၃ပတ်ခန့်နားရမယ်လို့ မှန်းနေပါတယ်။

Hein

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။