သူမတင်ထားတဲ့ပုံအောက်မှာ ယောကျာ်းလေးပရိသတ်တွေရဲ့ ကွန့်မန့်တွေကတော့ ဝေဝေဆာဆာပါပဲ.။

လူမှုကွန်ရက်မှာ ၀ဲ သီချင်းလေးနဲ့ လူကြိုက်များပြီး ဖေ့ဘုတ်ဆယ်လီ တစ်ဦးအဖြစ်ပရိသတ်တွေကြား ရေပန်းစားလာသူလေးပါ။

ဂျပန်မှာနေထိုင်ပြီး မြန်မာပြည်ကိုခေတ္တပြန်ရောက်လာချိန်မှာ သူမရဲ့ ချစ်စဖွယ်ကောင်းတဲ့ အပြောအဆိုသွင်ပြင်လေးတွေကြောင့် ပိုပြီး နာမည်ရလာပြန်ပါတယ်။

ထူးခြားတဲ့အသံပိုင်ရှင်လေးအဖြစ် ၀န်းရံခံရတဲ့ မေရီ တစ်ယောက် လက်တလောမှာတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က အထင်ကရနေရာတစ်ခုဖြစ်တဲ့ Disney Land ကို အလည်အပတ်ရောက်ရှိနေတယ်လို့ သိရပါတယ်။

သူမရဲ့ ချစ်စဖွယ်ကောင်းပြီး ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေက နောက်ခံအလှရှုခင်းတွေထက်တောင် ထင်ဟပ်နေပါသေးတယ်။

ပုရိသတို့ကတောင် မေရီကို ပိုကြွေသွားပြီထင်ပါတယ်။  

Source : Mary fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။