ယခုနှစ်အတွက် သီတင်းကျွတ် တရားဝင်ရုံးပိတ်ရက် ၅ ရက် ဖြစ်သွားတယ်လို့သိရပါတယ်။ယခုလိုရုံးပိတ်ရက် ၅ရက်ဖြစ်သွားတော့ ဝန်ထမ်းအများစုကတော့အပန်းဖြေခရီးထွက်ရန် ပြင်ဆင်နေ ကြောင်း ခရီးသွားလုပ်ငန်းကုမ္ပဏီ အချို့ထံမှ သိရှိရသည်။သီတင်းကျွတ် ရုံးပိတ်ရက်ဖြစ်သည့် အောက်တိုဘာ ၄၊ ၅၊ ၆ ရက်များသည် ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ ဖြစ်ပြီး စနေ၊ တနင်္ဂနွေ ပိတ်ရက်နှင့် တိုက်သွားသောကြောင့် သီတင်းကျွတ်ပိတ်ရက်မှာ ၅ ရက်ဖြစ်သွားရခြင်း ဖြစ်သည်။ 

“ပိတ်ရက်ကို ချောင်းသာသွားဖို့ စဉ်းစားထားတယ်။ သူငယ်ချင်းတွေနဲ့ လည်း တိုင်ပင်ထားတယ်။ အရင်တုန်း ကဆို သင်္ကြန်ပဲ ရက်ရှည်ပိတ်တာ လေ၊ အခု သီတင်းကျွတ်ပါပိတ်တော့ ဝန်ထမ်းတွေ အတွက် ကောင်းပါ တယ်။ အေးအေးဆေးဆေး အနားယူလို့ ရတာပေါ့” ဟု ဝန်ထမ်းတဦးက ပြောသည်။ထို့ပြင် တန်ဆောင်တိုင် ရုံးပိတ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နှင့် လပြည့်နေ့သည် ကြာသပ တေးနေ့နှင့် သောကြောနေ့ဖြစ်သော ကြောင့် စနေ၊ တနင်္ဂနွေပိတ်ရက်နှင့် တဆက်တည်းဖြစ်သွားသော ကြောင့် ဝန်ထမ်းများအတွက် ပိတ်ရက် ၄ ရက်ရရှိမည်ဖြစ်သည်။

သတင်းကျွတ်ရုံးပိတ်ရက်ကလေးမှာ ပရိသတ်တွေအတွက် အပန်းဖြေခရီးထွက်ဖို့အကောင်းဆုံးနေရာလေးတွေကတော့ ကမ်းခြေသွားချင်သူတွေအတွက် ရွှေချောင်းသာ၊ငွေဆောင်နှင့် ငပလီကမ်းခြေတို့ကို သွားရောက်နိုင်ပါတယ်။ဘုရားဖူးသွားချင်သူတွေအတွက်တော့ ပုဂံ၊ကျိုက်ထီးရိုး၊မန္တလေးရှိတန်ခိုးကြီးဘုရားများကိုဖူးမျှော်ရန်သွားရောက်နိုင်ပါတယ်။ပေါ့ပေါ့ပါးပါးအေးအေးချမ်းချမ်းလေးနဲ့ အပန်းဖြေချင်သူတွေအတွက်တော့ တောင်ကြီးနှင့် ပြင်ဦးလွင်ကတော့အသင့်ကြိုဆိုနေမှာဖြစ်ပါတယ်။သွားချင်တယ့်ခရီးစဉ်လေးတွေကိုတော့ ခရီးသွားလုပ်ငန်းကုမ္ပဏီများကို လွယ်ကူစွာဆက်သွယ်ပြီး ကြိုက်နှစ်သက်ရာခရီးများသွားရောက်နိုင်ပါတယ်။

သတင်းအရင်းအမြစ်-News Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။