မန်ချက်စတာယူနိုင်တက်အနေဖြင့် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဘေဆယ်နှင့်ကစားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ မန်ချက်စတာယူနိုင်တက်က ခြေစွမ်းအသာဖြင့် ဂိုး၃ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာပဲ အသင်းခေါင်းဆောင် ပေါ့ဘာတစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ ထွက်သွားတဲ့ ပေါ့ဘာနေရာကို ဖယ်လိုင်နီနှင့် မော်ရင်ဟိုက အစားထိုးခဲ့ပါတယ်။ ဖယ်လိုင်နီအနေဖြင့် ပွဲချိန် ၃၅မိနစ်မှာ ယန်းရဲ့ပေးပို့မှုကနေ ၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းစတယ်ဆိုတာနှင့် မန်ချက်စတာယူနိုင်တက်က ဖိအားပေး တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ ပွဲချိန် ၅၃မိနစ်မှာတော့ တိုက််စစ်မှူး လူကာကူက ဘလင်းရဲ့ပေးပို့မှုကနေ ၁ဂိုးသွင်းယူခဲ့ပါတယ်။ 

ပွဲချိန် ၈၃မိနစ်မှာတော့ လူစားဝင်လာတဲ့ လူငယ်တိုက်စစ်မှူး ရက်ဖို့က တတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မော်ရင်ဟိုက ဖယ်လိုင်နီကို ချီးကျူးစကားဆိုခဲ့ပါတယ်။ “ဖယ်လေနီ ဟာ သူ့ရဲ့ အရည်အချင်းတွေကို ထပ်မံ ပြသလိုက်ပြန်ပါပီ ။ ဒီညမှာ ပရိသတ်တွေ မြင်တွေ့ခဲ့ရမှာ ပါ ။ သူ့အတွက် ကျွန်တော် တကယ် အားရကျေနပ်မိပါတယ် ။ ဘာလို့လည်းဆိုတော့ ကျွန်တော် ဒီအသင်းကို စရောက်ချိန်ကတည်းက ဖယ်လေနီ ဟာ ကျွန်တော့အတွက် ၊ အသင်းအတွက် ၊ မန်ချက်စတာ ယူနိုက်တက် အတွက် အရာအားလုံးကို ပေးဆပ် ဖို့ အမြဲကြိုးစားနေခဲ့တာပါ ။ သူ့အတွက် အားရကျေနပ်တယ်ဆိုတဲ့ စကား ထက်ပိုကောင်းတာ ရှာမတွေ့ခဲ့ပါဘူး” လို့မော်ရင်ဟိုကဆိုပါတယ်။

ဒါ့အပြင် မော်ရင်ဟိုက “သူ့ကို ဒီညမှာ ထည့်မသုံးဖို့ ကျွန်တော် စဉ်းစားမိပါသေးတယ် ။ ဒါပေမယ့် ပေါ့ဘာ ဒဏ်ရာရသွားတဲ့ အခါမှာ တော့ ကျွန်တော့မှာ ရွေးစရာမရှိတော့ပါဘူး ။ နောက်တန်းမှာ ၅ ယောက်လောက် ဆင်းခံနေတဲ့ အသင်းမျိုးကို ရင်ဆိုင်ရတဲ့အခါမှာ ဖယ်လေနီ လို ကစားသမားမျိုးကို လိုအပ် ပါတယ် ။ ပြိုင်ဘက်ဂိုးဧရိယာထဲမှာနေပြီး ခေါင်းတိုက်အဆုံးသတ်နိုင်မယ့်သူမျိုးတွေပေါ့ ။ ဖယ်လေနီ ရဲ့ လေထဲက အားသာချက် တွေဟာ ကျွန်တော်တို့ အတွက် ရွေးချယ်စရာနည်းဗျုဟာတွေ ပိုစေခဲ့ပါတယ် ။ သူ့အတွက်တော့ တကယ်ကျေနပ်မိပါတယ်” လို့ ချီးကျူးခဲ့တာပါ။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။