တိမ်ပြာသောနေ့ ရုပ်ရှင်ဇာတ်ကားကြီး ကို အဓိကသရုပ်ဆောင် များအဖြစ် အကယ်ဒမီရဲအောင်၊ နေမင်း၊ စည်ဖြိုး၊JZ ဒေါင်လွဏ်း၊ အကယ်ဒမီ မေသ ဉ္ဇာဦး၊ သင်ဇာဝင့်ကျော်၊ ဂျာဆိုင်းအိမ်နှင့်NTဆိုင်းနွယ်တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ Moon Myanmar Mediaမှ ပြန်ကြားရေးဝန်ကြီး ဌာန၏ လမ်းညွှန်မှုဖြင့် ထုတ်လုပ်ပြီး ဇာတ်လမ်း ထက်အောင်(ဗန်းမော်)၊ ဇာတ်ညွှန်းMoon၊ မြမြင့်မိုရ်နှင့် ဒါရိုက်တာJZ ဒေါင်လွဏ်းတို့ ရိုက်ကူးပုံဖော်ထားသော ဇာတ်ကားကောင်းလေး တစ်ခုဖြစ်ပါတယ်။

တိမ်ပြာသောနေ့ ရုပ်ရှင်ဇာတ်ကားကြီးကို ကချင်ပြည်နယ် ဗန်းမော်ခရိုင်ရှိ ရွာတစ်ရွာမှ တိုင်းရင်းသားမိသားစုတို့ရဲ့ ဘဝကို အခြေခံပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေးနှင့် နားလည် ယုံကြည်မှုတို့ကြား ရိုက်ကူးထားသော ဇာတ်လမ်းကောင်းလေး တစ်ပုဒ် ဖြစ်ပါတယ်။ ငြိမ်းချမ်းခြင်းဆိုတာ ဒီမို ကရေစီအတွက် အဓိကဖြစ်ကြောင်းကို ပုံဖော် ရိုက်ကူးထားသည့် တိမ်ပြာသောနေ့ ရုပ်ရှင် ဇာတ်ကားကြီးက မြန်မာ့ဒီမိုကရေစီပွဲတော်နေ့တွင် ပြသမည့် ဇာတ်ကားများအနက် တစ်ကားအပါအဝင်ဖြစ်ပါတယ်။

အဆိုပါဇာတ်ကားကြီးတွင် ပါဝင်ခဲ့သရုပ်ဆောင်ခဲ့သော နေမင်းကလည်း “ ဒီဇာတ်ကားရိုက်တုန်းက အစ်ကိုတို့ နိုင်သလောက် စွမ်းသလောက်တော့ကြိုးစားပြီး ရိုက်ထားတဲ့ဇာတ်ကားလေးတစ်ကားပါ။ ဒါပေမယ့် ရုံပေါ်ကိုရောက်တဲ့အခါကျ တော့ အစ်ကိုတို့ကြိုးစားသလောက်တော့ ကြည့်ခွင့်မရတဲ့ဟာလေးတွေရှိပါတယ်။ ဘာတွေ လဲဆိုတော့ ဆင်ဆာကြောင့်သော်လည်း ကောင်း၊ အခြားအကြောင်းကြောင့်သော်လည်း ကောင်း အစ်ကိုတို့ သေချာသရုပ်ဆောင်ထား တဲ့ အခန်းလေးတွေ မပါလာတာတွေ့ရတယ်။ အဲဒီအတွက်ကြောင့် ပရိသတ်ကြီးကို ကြိုပြီး တောင်းပန်ချင်တာက ကြည့်ပြီးသွားလို့ နှစ်သက် ကြတယ်ဆိုရင်တော့ ကျေနပ်ပါတယ်။ တကယ်လို့ မနှစ်သက်ဘူး၊ ဝေဖန်စရာဖြစ်ခဲ့ မယ်ဆိုရင် အစ်ကိုတို့နိုင်သလောက်တော့ သရုပ်ဆောင်ခဲ့ကြပါတယ်။ ဇာတ်လမ်းအချိတ် အဆက်မမိတာ၊ မကိုက်တာရှိခဲ့ရင် ဖြတ်လိုက် တဲ့အပိုင်းတွေကြောင့် ကျွန်တော်တို့ရဲ့ အိုက်တင်အကြမ်းတွေ ဖြစ်သွားရတာပါ” လို့ ပြောခဲ့ပါတယ်။

တိမ်ပြာသောနေ့ ရုပ်ရှင်ဇာတ်ကားကြီးကို ၁၅.၉. ၂၀၁၇ နေ့မှစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် တစ်ပြိုင်တည်း ပြသမှာဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။ ပရိသတ်ကြီးကလည်း အားပေးကြပါဦးနော် …. <3 <3 <3

သတင်းအရင်းအမြစ် - တိမ်ပြာသောနေ့ Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။