အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ကျင်းပရန် စီစဉ်ထားတယ်လို့သိရပါတယ်။၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော် လည်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသာ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးကျော်ဇေယျကပြောပါတယ်။

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူအဖွဲ့ခေါင်းဆောင်အဖြစ် သွားရောက်မည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန မှ အဆင့်မြင့် အရာရှိကြီးများ လိုက်ပါသွားကြမည်ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် ပထမသွားမယ် ဘာညာဆိုတာလည်း တကယ်တမ်း အတိအကျတော့ ဆုံးဖြတ်ထား တာမရှိပါဘူး။ အလေးပေးပြီး ဆောင်ရွက်ရမယ့်ကိစ္စတွေရှိတဲ့အတွက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအဖွဲ့ ခေါင်းဆောင်အဖြစ် သွားဖို့ စီစဉ်နေပါတယ်။

ဒီနေ့ပဲ ဗီဇာလျှောက်တဲ့ကိစ္စတွေ ဆောင်ရွက်နေပါတယ်။ အစည်း အဝေးက ၁၂ ရက်နေ့ ကျင်းပမယ်ဆိုပေမယ့် မြန်မာကိုယ်စားလှယ်အဖွဲ့က ၂၀ ရက်နေ့ နောက်ပိုင်းမှ အစည်း အဝေးမှာ တက်ရောက်ဆွေးနွေးမှာပါ” ဟု ဦးကျော်ဇေယျက ပြောသည်။ယခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံကိုမသွားရောက်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည့် ၇၁ ကြိမ်မြောက်ညီလာခံတွင် နိုင်ငံတော်၏ အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

သတင်းအရင်းအမြစ်-News Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။