သရုပ်ဆောင် အိချောပိုဟာ အံဝင်ဂွင်ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပြင်ဦးလွင်က ဘုရားမှာကတော့ပွဲပေးနေတာဖြစ်ပါတယ်။မနေ့က စတင်ရိုက်ကူးတာဖြစ်ပြီး အေးချမ်းသာယာတဲ့ ပြင်ဦးလွင်မြို့မှာရိုက်ကူးနေတာဖြစ်ပါတယ်။ဇာတ်ညွန်း၊ဇာတ်လမ်း၊ဒါရိုက်တာဟာ ပြည်ဟိန်းသီဟ ကိုယ်တိုင်ရိုက်ကူးတာဖြစ်ပါတယ်။

၀င်တဲ့သရုပ်ဆောင်တွေကတော့ လူမင်း၊သူရိယ၊အောင်မင်းခန့်၊ဂျိုကာ၊ခိုင်သင်းကြည့်၊အိချောပို၊ခင်လှိုင်၊ဆင်မ၊အုန်းသီး၊တက္ကသိုလ် ဂွမ်းပုံ၊၀ါ၀ါအောင်နှင့်အခြားအနုပညာရှင်များစွာပါ၀င်ကြပါတယ်။ဇာတ်ကာပုံစံလေးကတော့ အချစ်ဒရမ်မာ ဇာတ်ကားလေတစ်ကားဖြစ်ပြီး ပရိတ်သတ်နှစ်သက်မယ့်ဇာတ်ကားလေးဖြစ်ပါတယ်။သူမဟာ မြန်မာဝတ်စုံလေးကို ၀တ်ဆင်ထားပြီး လှပနေပါတယ်။

သူမကိုချစ်တဲ့ ပရိတ်သတ်တွေကလည်းသူမရဲ့ လူပ်ရှားမှုတွေကို အမြဲစောင့်ကြည့်နေသူတွေပါ။ကျရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။သူမဟာ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေနဲ့၊ဇာတ်ကားကြီးတွေကိုလည်း မအားရအောင်ရိုက်ကူးနေရသူတစ်ယောာက်လည်းဖြစ်ပါတယ်။သူမရဲ့ ပွဲခံမယ်ရုပ်ရှင်ဇာတ်ကားဟာလည်း ပရိတ်သတ်အားပေးမှုကိုများစွာရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။

သတင်းအရစ်အမြစ် - Ei Chaw po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။