မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ အိမ်ရှင်ဘင်ဖီကာအသင်းကို CSKA မော်စကိုအသင်းက ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာအဖိုးတန်အနိုင် ၃ မှတ်ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။ဘင်ဖီကာအသင်းဟာ CSKA မော်စကိုအသင်းကို တောက်လျှောက်ဖိအားပေးကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုး ၁ ဂိုးပါ သွင်းယူနိုင်ခဲ့ပေမဲ့ CSKA မော်စကိုအသင်းရဲ့ နိုင်ပွဲရရှိအောင်တုံ့ပြန်အားဟာ ချီးကျူးဖို့ကောင်းခဲ့တာလည်းဖြစ်ပါတယ်။အုပ်စုအဆင့်မှာ မန်ယူအသင်းက အဆင့် ၁ CSKA မော်စကိုအသင်းက အဆင့် ၂ နဲ့ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ဘင်ဖီကာအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဆီဖာရိုဗစ် ၊ဂျုန်း ၊ ဆယ်ဗီယို ၊ဇီကိုဗစ်၊ အောဂတ်စတို ၊ ပီဇစ် စတဲ့ကစားသမားတွေကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။CSKA မော်စကိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အိုလာနရီ ၊ဗီတင်ဟို ၊ဒီဇာကော့ ၊ဂိုလိုဗင် ၊ဝမ်ဘလွန် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဘင်ဖီကာအသင်းကတော့ အိမ်ရှင်အသင်းဖြစ်တာနဲ့အညီ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ CSKA မော်စကိုအသင်းကို တောက်လျှောက်ဖိအားပေးကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာနှစ်သင်းလုံးဂိုးမရှိသရေရလဒ်နဲ့ပြီးဆုံးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယပိုင်းပြန်စလို့ မိနစ်၅၀ မှာပဲ ဘင်ဖီကာအသင်းအတွက် အဖွင့်ဂိုးကို ဆီဖာရိုဗစ်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၆၃ မိနစ်မှာတော့ CSKA မော်စကိုအသင်းအတွက်ချေပဂိုးကို ဗီတင်ဟိုက ပယ်နယ်တီကနေ ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၇၁မိနစ်မှာ CSKA မော်စကိုအသင်းအတွက် ဦးဆောင်ဂိုးကို ဇာမလက်ဒီနော့ ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။