ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အေပိုလ်းအသင်းတို့ဟာ နံနက် ၁ :၁၅ မှာယှဉ်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။အုပ်စုအတွင်း အိမ်ဖြည့်အသင်းအဖြစ် လက်ခံထားကြတဲ့ အေပိုလ်းအသင်းကတော့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ခက်ခဲတဲ့ ပြိုင်ဘက်တော့ မဟုတ်လောက်ပါဘူး။အုပ်စုအတွင်းပြိုင်ဘက်ဖြစ်တဲ့ စပါးအသင်းနဲ့ ဒေါ့မွန်အသင်းတို့ထိပ်တိုက်ဆုံတွေ့နေတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်း အနေနဲ့ အနိုင်ကစားသွားဖို့ကျိန်းသေနေတာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ဆုံးသုံးပွဲ မှာ တစ်ပွဲနိုင် နှစ်ပွဲသရေ ရလဒ် ရရှိခဲ့တာကြောင့် နိုင်ပွဲပြန်ရှာဖို့အတွက် ဘာနေဗျူးကွင်းမှာ အေပိုလ်းအသင်းကို ဂိုးပြတ်သွင်းမယ့် အနေအထားတစ်ရပ်မှာရှိနေတာလည်းဖြစ်ပါတယ်။ရော်နယ်ဒို ပြန်လည်ပါဝင်လာခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်း ရဲ့တိုက်စစ်ကို အေပိုလ်းအသင်းတောင့်ခံနိုင်မှာမဟုတ်ပါဘူး။အေပိုလ်းအသင်းရဲ့နောက်ဆုံး သုံးပွဲမှာ တစ်ပွဲနိုင် တစ်ပွဲရံှူး တစ်ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားခဲ့တာကိုလည်းတွေ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဖြစ်နိုင်ဖွယ်လူစာရင်းကတော့ ရော်နယ်ဒို ပြန်လည် ပါဝင်ကစားလာနိုင်ပြီး ဘန်ဇီမာ ၊အစ္စကို ၊ ဘေလ်း၊ မိုဒရစ် ၊ တိုနီကရူးတို့ကို ထည့်သွင်းအသုံးပြုလာဖွယ်ရှိနေပါတယ်။အေပိုလ်းအသင်းရဲ့ ဖြစ်နိုင်ဖွယ်လူစာရင်းကတော့ ကာမာဂို ၊ အီဗီစီလီယို ၊ အလွန်ဗစ် ၊ ဖာရီယက် ၊ ဗီနီစီးယက် ၊ မိုအာရက် တို့ကို ထည့်သွင်းအသုံးပြုလာဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဘာနေဗျူးကွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းဘယ်လောက်ထိ ဂိုးပြတ်သွင်းယူသွားနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမယ်ဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။