ဂီတမှော်ဆရာတစ်ဦးရဲ့မလှပသောဘဝနေဝင်ဆည်းဆာများ

ဆလိုင်းဇာလျန်းဆိုတာမြန်မာ့ဂီတလောကရဲ့

ဂီတမှော်ဆရာကြီးတစ်ဦးပါ။ချင်းလူမျိုးတစ်ယောက်ဖြစ်တဲ့

သူ့ကိုရင်းနှီးသူတွေကကိုဗစ်လို့ခေါ်ကြပါတယ်။နာမည်အရင်းကတော့Victor Rushပါ။

မြန်မာ့စတီရီယိုလောကမှာလျှမ်းလျှမ်းတောက်အောင်မြင်

ခဲ့တဲ့ The Acesရဲ့အကောင်းဆုံးBassဂစ်တာသမား

တစ်ဦးဖြစ်တဲ့သူ့ဟာထူးအိမ်သင်၊မေဆွိ၊ခိုင်ထူးစတဲ့

နာမည်ကျော်အဆိုတော်တွေရဲ့သီချင်းတွေကို

တီးခတ်ခဲ့သူတစ်ယောက်ပါ။

ထူးအိမ်သင်ရဲ့နာမည်ကျော်"အမေ့အိမ်"သီချင်းရဲ့အင်ထရို

ကိုဇာလျန်းကတီးခတ်ခဲ့တာသူပါ။ဇာလျန်းရဲ့Bassဂစ်တာ

တီးခတ်မှုဟာပြိုင်စံရှားအောင်နုရွလှပလွန်းတယ်လို့

အနုပညာလောကကလူတွေကသတ်မှတ်ထားကြပါတယ်။

လက်ရှိမြန်မာ့လောကရဲ့Bassဂစ်တာသမားတိုင်းရဲ့

Heroဟာဆလိုင်းဇာလျန်းဖြစ်ခဲ့ဖူးပါတယ်။နာမည်ကျော်

သီချင်းတွေများစွာကိုအနုပညာမြောက်စွာလှပစွာ

တီးခတ်ခဲ့တဲ့ခိုင်ထူးရဲ့သူငယ်ချင်းဆလိုင်းဇာလျန်ရဲ့

ဘဝနေဝင်ဆည်းဆာဟာခိုင်ထူးလိုပဲကြမ်းတမ်းနေခဲ့ပါတယ်။

တစ်ချိန်ကမြန်မာပြည်ရဲ့အကျော်ကြားဆုံးဂစ်တာပလေယာ

ကြီးဟာမှော်ဘီကခနော်နီခနော်နဲ့

နံရံမှာအပေါက်တွေနဲ့အိမ်အိုကလေးမှာနွမ်းပါးစွာနေထိုင်လျှက်ရှိနေပါတယ်။

လောကဓံရဲ့အထုအထောင်းတွေကြား

အနုပညာရှင်ကြီးဟာကျန်းမာရေးလည်းမကောင်းရှာပါဘူး။

စိတ်မကောင်းစရာပါပဲဖိုးသာထူးကြီးရေ၊၊အမြန်ဆုံး

အဆင်ပြေပါစေလို့ဆုတောင်းပေးပရစေခင်ဗျာ။

Photo-KO Aye Khaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။