မိဘဆိုတာ ကိုယ့်သားသမီးကို စောင့်ရှောက်ရမည့် တာဝန်ရှိပါတယ်။ သားသမီးဆိုတာ မိမိ၏ အသွေးအသားက ဖြစ်ပွားလာတာပါ။ သားသမီးတွေကို သွန်သင်ဆုံးမကာကွယ် ရမှာ မိဘတွေ၏တာဝန်တစ်ခုပါ။ အချို့သော မိဘတွေကမှု မိမိ၏သားသမီးကို ခိုင်းစားနေကြတာ တစ်ကမ္ဘာလုံးအနှံ့ တွေ့မြင်နေရပါတယ်။ 

တစ်ချို့မိဘတွေက သားသမီးတွေကို သူတောင်းစား လုပ်ခိုင်း ရောင်းစားကြပါတယ်။ ယခုဖြစ်ရပ်ကတော့ တော်တော်လေးကို ရက်စက်ပါတယ်။ မိခင်ဖြစ်သူက အသက်၁၂နှစ်အရွယ်ရှိ သမီးကို အတင်းအကြပ်ပြည့်တန်ဆာ လုပ်စေခဲ့တာပါ။ ၁၂နှစ်ပဲရှိသေးတဲ့ မိန်းကလေးဟာ တစ်လအတွင်းမှာ လူအယောက်၂၀၀လောက်နှင့် လိင်ဆက်ဆံခဲ့ရပါတယ်။

ထိုအထဲမှာ နိုင်ငံရေးသမားအချို့လည်းပါတယ်လို့ သိရှိရပါတယ်။ ယခုဖြစ်ရပ်ကတော့ သြစတြေးလျမှဖြစ်ခဲ့တာပါ။ ၂၀၁၀ခုနှစ်က အဆိုပါမိခင်ဖြစ်သူ အမျိုးသမီးနှင့်သူမ၏နောက် ရည်းစားကို တရားရုံးက ထောင်ဒဏ် ၁၀နှစ်အထိ ကျစေခဲ့ပါတယ်။ သို့သော် ယခုအခါ အဆိုပါ အမျိုးသမီးက ခံဝန်နှင့် ပြန်လည်လွတ်မြောက်လာပါတယ်။ ၂၀၂၀ထိ ပြင်ပမှာခံဝန်နှင့် နေထိုင်ခွင့်ရရှိခဲ့တာပါ။

Hein (Mg Lu Aye)

Source – Daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။