အားကစားသတင်းများ

ကြိုးကြာနီတို့ တာထွက်မှာ ဆီဗီလာအသင်းကို အသာရနိုင်မလား(ပွဲကြိုသုံးသပ်ချက် )

EG Black လွန်ခဲ့သော ၂ လ က

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ဖြစ်တဲ့ လီဗာပူလ်းအသင်းနဲ့ ဆီဗီလားအသင်းပွဲစဉ်ကို နံနက် ၁ : ၁၅ တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါတယ်။ယခုနှစ်မှ ချန်ပီယံလိဂ် ကို တကျော့ပြန် ပြန်လည်ဝင်ရောက်လာခဲ့တဲ့ လီဗာပူလ်းအသင်းကတော့ အုပ်စုအတွင်း ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တဲ့ ဆီဗီလာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။ကျန်အုပ်စု အသင်းတွေဖြစ်တဲ့ မာရီဘော အသင်းနဲ့ စပါးတပ်မော်စကို အသင်းဟာ ဖျက်မြင်းအသင်းအဖြစ်နဲ့သာ ရှိနေတာလည်းဖြစ်ပါတယ်။

လီဗာပူလ်းအသင်းရဲ့ နောက်ဆုံးသုံးပွဲရလဒ်မှာ နှစ်ပွဲနိုင်တစ်ပွဲရံှူး ရလဒ်ကို ပိုင်ဆိုင်ထားခဲ့ကိုလည်းတွေ့ရပါတယ်။ဆီဗီလာအသင်းရဲ့ နောက်ဆုံးသုံးပွဲ ရလဒ်မှာတော့ နှစ်ပွဲနိုင်တစ်ပွဲသရေ ရလဒ်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။လီဗာပူလ်းအသင်းနဲ့ ဆီဗီလာ အသင်းတို့ ဟာ လက်ရှိမှာ ခြေရည်တူနှစ်သင်းဖြစ်တာနဲ့အညီ အမှားမခံပဲ ကစားသွားဖို့ ရှိနေတာဖြစ်ပါတယ်။ဒီနေ့ပွဲမှာ နှစ်သင်းလုံးဟာ ဂိုးတွေသွင်းယူဖို့ တိုက်စစ်ကောင်းတွေ ပိုင်ဆိုင်ထားခဲ့တဲ့ အသင်းနှစ်သင်းလည်းဖြစ်ပါတယ်။

လီဗာပူလ်းအသင်းရဲ့ဖြစ်နိုင်ဖွယ်လူစာရင်းမှာတော့ မာနေး ၊ဖာမီနို ၊ ဆာလက် ၊ ဝစ်နဒယ် ၊ ဟန်ဒါဆန် ၊တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ဆီဗီလားအသင်းရဲ့ ဖြစ်နိုင်ဖွယ်လူစာရင်းကတော့ ရီဒါ ၊ကော်ရီယာ ၊ ဆာရာဘီယာ ၊ ဂမ်ဆို ၊မွန်တိုယာ ၊ အမ်ဇွန်ဇီတို့ကို ထည့်သွင်းအသုံးပြုလာဖို့လည်းရှိနေတာဖြစ်ပါတယ်။ဒီနေ့ပွဲမှာ ဂိုးတွေ အပြန်အလှန်သွင်းယူတာ မြင်တွေ့ရဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။သူတို့နှစ်သင်းအနေနဲ့ သရေရလဒ်ကို ဦးတည်သွားမလား ဒါမှမဟုတ် ဘယ်အသင်းက ကပ်နိုင်သွားမလဲဆိုတာကိုတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမယ်ဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။