2PM အဖွဲ့ဝင် Tace Yeon ရဲ့ စစ်ရေးလေ့ကျင့်မှု ဓာတ်ပုံတွေ အွန်လိုင်းကနေ မကြာသေးခင်က ထွက်ပေါ်လာခဲ့ပါတယ်။ Tace Yeon ဟာ 2PM အဖွဲ့ရဲ့(၉)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာပဲ စစ်မှုထမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ Tace Yeon ဟာ ပြုံးရွှင်နေတာကို တွေ့ရပါတယ်။

စစ်ယူနီဖောင်းနဲ့ Tace Yeon တစ်ယောက် ကြည့်ကောင်းပြီး ခန့်ညားနေတာ တွေ့ရပါတယ်။ ထယ်ယောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ(၄)ရက်နေ့မှာ စတင် စစ်မှုထမ်းခဲ့တာ ဖြစ်ပါတယ်။ Tace Yeon ဟာ စစ်တပ်ထဲမှာ အခုလိုတာဝန်ထမ်းနိုင်ဖို့ အတွက် နောက်ကျောခွဲစိတ်မှု ခံယူခဲ့ရပါတယ် လို့ သိရပါတယ်။

သူဟာ အမေရိကန်နိုင်ငံသားဖြစ်ခွင့်ကို ဆုံးရှုံးခံခဲ့ပြီး စစ်မှုထမ်းဖို့ကို စိတ်ဆန္ဒရှိခဲ့တဲ့ အတွက် ချီးကျူးခ့ခဲ့ရတယ်လို့လည်း သိရပါတယ်။ Tace Yeon ဟာ အောင်မြင်နေတဲ့ အဆိုတော်အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်၊ ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် မင်းသားချောတစ်လက်လည်း ဖြစ်ပါတယ်။ Tace Yeon ဟာ စစ်မှုထမ်းဖို့ကို တိတ်တဆိတ်ပဲ သွားခဲ့တာဖြစ်ပြီး မိသားစုနှင့် 2PM အဖွဲသားများသာ နှုတ်ဆက် စစ်မှုထမ်းသွားခဲ့တာ ဖြစ်ပါတယ်။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။