ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ရဲ့ ခြေရည်တူနှစ်သင်းဖြစ်တဲ့ စပါးအသင်းနဲ့ ဒေါ့မွန်အသင်းတို့ဟာ နံနက် ၁ : ၁၅ မှာ ယှဉ်ပြိုင်သွားမှာလည်းဖြစ်ပါတယ်။တိုက်စစ်ဦးစားပေးကစားတဲ့ အသင်းနှစ်သင်းဖြစ်တာကြောင့် ဒီနေ့ပွဲဟာ သွင်းဂိုးတွေနဲ့ မြိုင်ဆိုင် နေမှာဆိုရင် လည်းမမှားပါဘူး။နှစ်သင်းလုံးဟာ အုပ်စု ကျပ်အတွင်းကျရောက်နေခဲ့တာကြောင့် နောက်တစ်ဆင့်တတ်မြောက်ဖို့အတွက် အမှားခံလို့ မရကြတဲ့ အနေအထားတွေမှာလည်းရှိနေတာဖြစ်ပါတယ်။အုပ်စုအတွင်း ပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်း ကတော့ အိမ်ဖြည့်အသင်း အေပိုလ်းနဲ့ ကစားရမှာလည်းဖြစ်ပါတယ်။

စပါးအသင်းရဲ့ နောက်ဆုံးသုံးပွဲရလဒ်မှာ တစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရံှူး ရလဒ်ကို ပိုင်ဆိုင်ထားခဲ့ကို တွေ့မြင်ရပါတယ်။ဒေါ့မွန်အသင်းရဲ့ နောက်ဆုံးသုံးပွဲမှာတော့ နှစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားခဲ့တာကိုလည်းတွေ့မြင်ရပါတယ်။နှစ်သင်းစလုံးတိုက်စစ်ဟာ ထက်မြက်နေတဲ့ အသင်းဖြစ်တာကြောင့် အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်တဲ့အသင်းဟာ အနိုင်သုံးမှတ်ကို ရယူနိုင်မှာလည်းဖြစ်ပါတယ်။စပါးအသင်းဟာ အိမ်ရှင် ဖြစ်ပေမဲ့လည်း နှစ်သင်းလုံးရဲ့ အခွင့်အရေးဟာ ၅၀- ၅၀ မှာ ရှိနေတာလည်းဖြစ်ပါတယ်။ 

စပါးအသင်းရဲ့ ဖြစ်နိုင်ဖွယ်လူစာရင်းကတော့ ဟယ်ရီကိန်း ၊ အလီ၊ အဲရစ်ဆင် ၊ဒမ်ဘီလီ ၊ဆစ်ဆိုခို ၊ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဒေါ့မွန်အသင်းရဲ့ ဖြစ်နိုင်ဖွယ်လူစာရင်းကတော့ အော်ဘာမီယန်၊ ပူလီဆစ် ၊ ဂေါ့ဇီ ၊ ကာဂါဝါ ၊ ရာမိုလန်ကို ၊ ကတ်စထရို ၊ ဆာဟင် တို့ကို ထည့်သွင်းအသုံးပြုလာဖို့ ရှိနေတာလည်းဖြစ်ပါတယ်။တစ်သင်းနဲ့ တစ်သင်းဟာ အပြတ်အသတ် နိုင်ဖို့ အခွင့်အရေးမရှိတာကြောင့် သရေရလဒ် သို့မဟုတ် ကပ်နိုင်သွားဖို့ အနေအထားမှာရှိနေတာလည်းဖြစ်ပါတယ်။ ဘယ်အသင်းက အနိုင်ယူသွားနိုင်မလဲ စောင့်ကြည့်ရအောင်ဗျာ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။