ချန်ပီယံလိဂ်အုပ်စုပွဲစဉ် တစ်ပွဲဖြစ်တဲ့ ဖီယင်နုအသင်းနဲ့ မန်စီတီးအသင်းတို့ဟာ နံနက် ၁ : ၁၅ မှာ ယှဉ်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်။ဖီယင်နု ၊ နာပိုလီ ၊ရှက်တာဒိုးနက် ၊ မန်စီးတီးအသင်းတို့ဟာ တစ်အုပ်စုတည်းကျရောက်နေခဲ့တာဖြစ်ပါတယ်။ဒီအသင်းတွေဟာ ခြေစွမ်းအရ သိပ်မကွာတာကြောင့် နောက်တစ်ဆင့်တတ်ရောက်ဖို့အတွက် အားလုံးမှာ ကိုယ်စီ မျော်လင့်ချက်တွေ ရှိနေကြတာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့နောက်ဆုံးသုံးပွဲရလဒ်ဟာနှစ်ပွဲနိုင် သရေရလဒ်ရရှိအောင် စွမ်းဆောင်ထားနိုင်တာကို တွေ့မြင်ရပါတယ်။ဖီယင်နုအသင်းရဲ့ နောက်ဆုံးသုံးပွဲရလဒ်ဟာ အားရစရာကောင်းနေခဲ့တာဖြစ်ပြီး သုံးပွဲစလုံး နိုင်ပွဲရအောင်စွမ်းဆောင်ထားနိုင်ခဲ့တာကို မြင်တွေ့ရပါတယ်။နှစ်သင်းစလုံးဟာ တိုက်စစ်ဖွင့်ကစားတတ်တဲ့ အသင်းဖြစ်တာကြောင့် ဒီနေ့ပွဲမှာ တိုက်စစ်ဖွင့်ကစားလာနိုင်ဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ဖြစ်နိုင်ဖွယ်လူစာရင်းကတော့ အဂူရို ၊ စတာလင်း ၊ ဂါဘရီရယ်ဂျီဆပ် ၊ ဆေးဗာလ်း ၊ ဒီဘရူနီ၊ စတဲ့ကစားသမားတွေကို ထည့်သွင်းအသုံးပြုလာဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဖီယင်နုအသင်းရဲ့ ဖြစ်နိုင်ဖွယ်လူစာရင်းကတော့ ကာရာမာ ၊ ဘိုတီယက် ၊ သောနက်စထရာ ၊ ဘာဂူရစ် ၊ဗယ်ဟီနာ ၊ အယ်မက်ဒီ တို့ကို ထည့်သွင်းအသုံးပြုလာနိုင်ဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။မန်စီးတီးအသင်းအဝေးကွင်းမှာ ဖီယင်နုကို ဂိုးပြတ် သွင်းနိုင်ဖို့ဆိုတာတော့ မလွယ်ကူနိုင်ပါဘူး။ဒါပေမဲ့ မန်စီးတီးတိုက်စစ်ကိုတော့ ဖီယင်နုအနေ နဲ့ ပွဲချိန်ပြည့် တောင့််ခံသွားဖို့ကလည်း မလွယ်ကူလှပါဘူး။ဒါ့ကြောင့် မန်စီးတီးအသင်းက သရေရလဒ် သို့မဟုတ် ကပ်နိုင်သွားဖို့ အနေအထားမှာ ရှိနေတာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။