Girls’ Generation’s Seohyun

Seohyun ကို ဂျွန်လ ၂၈ ရက် ၁၉၉၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဆိုးလ်မြို့မှာပါ။ သူမရဲ့ အမေဟာ စန္ဒရား ကျောင်း မှာ အုပ်ချုပ်သူ ဖြစ်တာကြောင့် သူမဟာ စန္ဒရား အပြင်၊ တယော နဲ့ ကိုရီးယားရိုးရာ ဒရမ်တွေကို ငယ်စဉ် ကတည်းက ကောင်းကောင်းတီးတတ်ပါတယ်။ သူမဟာ မြင်းလည်းစီးတတ်ပါတယ်။ စကိတ်လည်းစီးတတ်ပါတယ်။ သူမက ကုလ အတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်းဟာ သူမ လေးစားရတဲ့သူပါတဲ့။

F(x)’s Krystal

သူမဟာ အမေရိကန် နွယ်ဖွား အဆိုတော် နဲ့ သရုပ်ဆောင်တစ်ဦးပါ။ အောက်တိုဘာ ၂၄၊ ၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူမဟာ အမေရိကန် နိုင်ငံ ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယား မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်မှာ မှ ကိုရီးယားကိုရွေ့ပြောင်းခဲ့တာပါ။

Red Velvet’s Irene

Irene ကို မတ်လ ၂၉ ရက် ၁၉၉၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ Daegu မှာပါ။ သူမရဲ့ နာမည်ရင်းကတော့ Bae Joo-hyun ပါ။ Red Velvet အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။ သူမ ဟာ မော်ဒယ် နဲ့ နာမည်ကျော် brand အလှကုန်တွေ အတွက် ကိုယ်စားလှယ်လည်းလုပ်ပါတယ်။

After School’s Nana

Nana ကို စက်တင်ဘာလ ၁၄ ရက်၊ ၁၉၉၁ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ After School အဖွဲ့ ရဲ့ အဖွဲ့ဝင် တစ်ယောက်ပါ။ သူမဟာ ၂၀၀၉ ခုနှစ်မှာ အာရှပစိဖိတ် စူပါမော်ဒယ် ပြိုင်ပွဲ မှာလည်းဝင်ပြိုင်ခဲ့ပါသေးတယ်။ သူမဟာ လိုင်စင်ရ မိတ်ကပ်ပညာရှင်လည်းဖြစ်ပါတယ်။

Girl’s Day’s Sojin

သူမကို မေလ ၂၁၊ ၁၉၈၆ ခုနှစ် မှာမွေးဖွားခဲ့ပါတယ်။ သူမရဲ့ နာမည်အပြည့်အစုံကတော့ Park So-jin ပါ။ Girl’s Day အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ဂျွန်လ ၂၈ ရက်၊ ၂၀၁၇ခုနှစ်မှာ တော့ အဆိုတော် နဲ့ သီချင်းရေးသူ Eddy Kim နဲ့ချစ်ကြိုက်နေပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

Source: Korea entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။