အာရှတိုက်သူတွေ နိုင်ငံခြားသူလိုမျိုး နှာခေါင်းချွန်ချွန်လေးလဲ ဖြစ်ချင်တယ်။ ပလတ်စတစ်ဆာဂျရီလုပ်ပြီး ခွဲစိတ်ရမှာကိုလဲကြောက်တယ်ဆို ဒီပစ္စည်းလေးကိုသုံးကြည့်ပါ။ သင့်ရဲ့နှာခေါင်းအရွယ်အစားပေါ်မူတည်ပြီး ပစ္စည်းလေးကပုံပါအတိုင်း ပင့်တင်ပေးမှာဖြစ်ပါတယ်။

ဒီကိရိယာလေးကို တိုကျိုမှာရှိတဲ့ Bibicoဆိုတဲ့ကုမ္မဏီက ထုတ်လုပ်တာဖြစ်ပြီး Hanaputtiလို့ အမည်ရပါတယ်။ ဒီကိရိယာလေးဟာ နှာခေါင်းဝအတွင်းနားမှာ တပ်ပေးရတာဖြစ်ပြီး သင့်ရဲ့နှာခေါင်းကို ချွန်ချွန်လေးဖြစ်သွားစေမှာပါ။ ဂျပန်ကာတွန်းတွေထဲက မိန်းကလေးဇာတ်ကောင်တွေရဲ့ နှာခေါင်းချွန်ချွန်လေးပုံစံ ံဖြစ်သွားရစေမယ်လို့ ကုမ္မဏီကနေ အာမခံထားပါတယ်။

ဒီကိရိယာလေးဟာ ဂျပန်လူမျိုးတွေရဲ့နှာခေါင်းပုံစံကို အခြေခံထားတာဖြစ်ပါတယ်။ နှာထိပ်ပြားသူတွေအတွက် အင်မတန်ထိရောက်တဲ့ကိရိယာလေးဖြစ်ပြီး Small နဲ့ Mediumဆိုပြီး Sizeနှစ်မျိုးလာပါတယ်။ နှစ်ဗူးကို ဂျပန်ယွမ် ၁,၆၂၀ တန်ဖိုးရှိပြီး ၁၆ဒေါ်လာပဲကုန်ကျတာဖြစ်ပါတယ်။

Source : nextshark

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။