မြန်မာတို့ရဲ့နောက်ဆုံးကျည်ဆံတစ်တောင့်

ဒီနေ့ညနေခြောက်နာရီမှာကန်မယ့်ဗီယက်နမ်အသင်းနဲ့ပွဲဟာ

မြန်မာအသင်းအတွက်မဖြစ်မနေအနိုင်ကန်ရမယ့်ပွဲပါ။

နိုင်မှအုပ်စုကတက်မှာဖြစ်လို့ဒီပွဲဟာမြန်မာတို့အတွက်

နောက်ဆုံးကျည်ဆံတစ်တောင့်ပါ။နောက်ဆုံးလက်သီးချက်

တွေနဲ့ဗီယက်နမ်ကိုKnock-Outထိုးသတ်နိုင်မှသာ

ဆီမီးဖိုင်နယ်ကိုရောက်ရှိမှာဖြစ်လို့မြန်မာတို့အတွက်

အနိုင်မှတစ်ပါးရွေးစရာအခြားမရှိ။မြန်မာပရိသတ်ကြီး

ဟာလည်းဒီပွဲကိုတစ်ခဲနက်အားပေးကြဖို့အသင့်

ဖြစ်နေကြပြီထင်ပါတယ်။

ဗီယက်နမ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခဲ့တဲ့အသင်းကိုအခြေခံထားတဲ့အသင်းကောင်းတစ်သင်းပါ။ဗီယက်နမ်နည်းပြဟာ

မြန်မာနဲ့ပွဲအတွက်ဗီယက်နမ်လက်ရွေးစင်အသင်းကြီးက

နောက်ခံလူဒွန်ဗန်ဟောင်းကိုတောင်ပြန်ခေါ်ထားပါတယ်။

တိုက်စစ်ခံစစ်မျှတတဲ့အသင်းတစ်သင်းဖြစ်ဖြစ်ပြီး

မြန်မာအသင်းရှုံးထားတဲ့အင်ဒိုနီးရှားကိုတောင်

သုံးဂိုးပြတ်နဲ့အနိုင်ယူထားခဲ့လို့ဗီယက်နမ်ဟာ

မြန်မာအတွက်ခက်ခဲတဲ့ပြိုင်ဘက်ဆိုတာငြင်းချက်

ထုတ်စရာမရှိပါဘူး။

မန်မာအသင်းကတော့အင်ဒိုနဲ့ပွဲမှာ

မှားခဲ့တဲ့အမှားတွေကိုပြင်ဆင်လာနိုင်ခဲ့ပြီး

တစ်ပွဲထက်တစ်ပွဲပိုကောင်းလာတာတွေ့ရပါတယ်၊၊

ဒုတိယပိုင်းရောက်ရင်သက်လုံကျသွားတတ်တဲ့

အားနည်းချက်တွေကိုလည်းပြင်ဆင်နိုင်ခဲ့တာကို

ဘရူနိုင်းနဲ့ပွဲမှာတွေ့မြင်ခဲ့ရပါတယ်။မြန်မာအသင်း

သတိထားရမှာကနောက်တန်းကအမှားတွေမလုပ်ဖို့ရယ်၊

ဘရူနိုင်းနဲ့ပွဲပထမပိုင်းမှာအသုံးပြုခဲ့တဲ့3-4-3ကစားကွက်

မကစားဖို့ပါ။နှစ်သင်းစလုံးတိုက်စစ်အားပြုကစားကြဖို့

များပြီးအမှားလုပ်တဲ့သူကတော့ခံစားသွားရမှာပါ။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။