မိဘက အနုပညာသမားတစ်ယောက်ဆိုရင် သားသမီးတွေကလည်း မိဘရဲ့ အနုပညာဗီဇ ပါလာတတ်ကြတာ မဆန်းပေမယ့် သက်မွန်မြင့်ရဲ့ သာသားလေးကတော့ တော်တော်လေးငယ်ပါသေးတယ်။

၀ါသနာကတော့ မသေးမှန်း လွှမ်းပိုင်သီချင်းကို ဆိုပြထားတာ အရွယ်နဲ့မလိုက်အောင် တော်တယ်ပြောရမှာပါပဲ။

ကလေးနှစ်ယောက်မေမေဖြစ်သွားတဲ့ နာမည်ကျော်မင်းသမီး သက်မွန်မြင့်ကတော့ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်ပြန်လုပ်နေရသလို သူမရဲ့ သားနဲ့သမီးအတွက်လည်း သီးသန့်အချိန်လေးပေးပါသေးတယ်။

တခြားဆယ်လီတွေနည်းတူ သူမရဲ့လူမှုကွန်ရက်ကနေ လှုပ်ရှားမှုအမှတ်တရပုံလေးတွေ အမြဲတမ်းမျှဝေလေ့ရှိတဲ့ချစ်သက် ကတော့ စက်တင်ဘာလ (၁၃)ရက်နေ့ညနေမှာ သားလေးအားချစ်ပုံကို တင်ပေးထားတာပါ။

(၂)နှစ်ကျော်သာရှိသေးတဲ့ အကြီးဆုံးသားလေး အားချစ်ရဲ့ Mood အပြည့်နဲ့ လွှမ်းပိုင်သီချင်းကို စတိုင်ကျကျ သီဆိုထားပုံကိုတော့ သူမကဗီဒီယိုရိုက်ပြီး ဖေ့ဘုတ်ပေါ် မျှဝေထားပါတယ်။

အဖိုးဖြစ်သူရဲ့ တုတ်ကောက်နဲ့ ဦးထုပ်ဆောင်းပြီး အပီအပြင်ကို ဆိုထားလိုက်တာများ ပရိသတ်တွေကတော့ သဘောကျနေလေရဲ့ ။

ပါဖောမန့်အပြည့်နဲ့ ချစ်စရာကောင်းလွန်းလို့ အဆိုတော်ဖြစ်မှာတော့ သေချာနေပြီ။  

Source : Thet Mon Myint fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။