လမ်းလျှောက်တဲ့သစ်ပင်ဆိုတော့ သစ်ပင်တွေထဲမှာတော်တော်လေးထူးဆန်းပါတယ်။သစ်ပင်တွေဟာမရွှေ့လျားနိုင်ဘူးလို့ လူတော်တော်များများကပြောခဲ့ကြပါတယ်။သို့သော်လည်း Socratea exorrhizaသစ်ပင်ကတော့ တစ်နေရာကနေ တစ်နေရာ သို့ပြောင်းပြီးပေါက်ရောက်နိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ 

အပင်မျိုးပွားပြီးပေါက်တာ အပင်ခွဲပေါက်တာမဟုတ် ပဲ အလင်းရောင်ရရှိမယ့် နေရာကို သူ့အလိုအလျောက် ပြောင်းပြီးပေါက်တာပါ။Socratea exorrhiza အပင် လမ်းလျှောက်နိုင်သောအပင်တွေကိုတော့ တောင်အမေရိကမှာအများဆုံးတွေ့ရှိနိုင်မှာဖြစ်ပါတယ်။ဒီအပင်ဟာတော့ အမြစ်ရဲ့ကြီးထွားနှုန်း နှင့် မြေထဲစိုက်ဝင်မှုနှုန်းကို သူ့အလိုအလျောက် ထိန်းချုပ်နိုင်ပါတယ်လို့သိရပါတယ်။ 

သဘာဝရဲ့ မြေဆီ မြေသြဇာ မကောင်းတော့ဘူးဆိုရင် အခြားနေရာ တစ်နေရာကို အလိုအလျောက် ပြောင်းရွှေ့ပါတယ်။Socratea exorrhizaအပင်က ပျမ်းမျှအားဖြင့် ၁၅ မီတာမှ မီတာ ၂၀ ကြား မြင့်နိုင်ပြီး လုံးပတ်ကတော့ ၁၂ စင်တီမီတာပဲ ရှိပါတယ်။ဒါကြောင့် အမြစ်ကိုလည်း မြေထဲမှာပဲ အားလုံးမြုတ်မနေစေပဲ ခြေထောက်များဘက်မှာ အပြင်ကို ထုတ်ထားပါတယ် လို့လေ့လာသူတွေကပြောပါတယ်။ 

သတင်းအရင်းအမြစ်-yawthama

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။