ဖိလစ်ပိုင်နိုင်ငံတွင် မုန်တိုင်းပြင်းထန်စွာတိုက်ခတ်ခဲ့သောကြောင့် မနီလာမြို့တော်အတွင်းပတ်ဝန်းကျင်နားမှာ ရေကြီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။ထိုရေကြီးမှုကြောင့် လူဦးရေ လေးဦး သေဆုံးခဲ့ရပြီး လူခြောက်ယောက် ပျောက်ဆုံးနေလျက်ရှိတယ်လို့လည်းသိရှိရပါတယ်။မနီလာမြို့တော်မှာ ရေကြီးမှုကြောင့် စာသင်ကျောင်းများ ၊အစိုးရရုံးများ ၊ စီပွားရေးလုပ်ငန်းများကို ပိတ်ထားရတယ်လို့လည်း သိရှိရပါတယ်။

သေဆုံးသူနဲ့ ပျောက်ဆုံးသူအများစုတို့ဟာ အစိုးရက သတိပေးထုတ်ပြန်ထားတဲ့ အန္တရယ်ဇုန်အတွင်းမှာနေထိုင်သူများလည်းဖြစ်ပါတယ်။ထိုနေရာကို အစိုးရ က မုန်တိုင်းတွေဖြစ်ပေါ်လာနိုင်ပြီး ဘေးအန္တရာယ် များကျရောက်နိုင်တယ်လို့ သတိပေးပြောကြားထားခဲ့တာလည်းဖြစ်ပါတယ်။"ကျွန်တော်တို့ ဒေသအာဏာပိုင်တွေက သူတို့ကိုမပြတ်သတိပေးနေခဲ့တာလည်းဖြစ်ပါတယ်။သူတို့နေရာက မြေပြိုမှုတွေဖြစ်နိုင်တယ်ဆိုပြီး အကြိမ်ကြိမ် သတိပေးနေပေမဲ့ သူတို့ကပြောင်းရွှေ့ခြင်းမရှိတာ" လို့ အရပ်ဖက်ကာကွယ်ရေးရုံး တာဝန်ရှိသူ ရိုးနေမာတီယိုက ပြောခဲ့တာလည်းဖြစ်ပါတယ်။ 

မနီလာမြို့အရှေ့ပိုင်းတွင်လည်း အလားတူဖြစ်ရပ်မျိုး ရေကြီးခဲ့တာကြောင့် ဆယ်ကျော်သက်အရွယ် ညီအကို နှစ်ဦး မြေကြီးပိသေဆုံးခဲ့ရပါတယ်။တစ်နှစ်လျှင် မုန်တိုင်း ၂၀ နီးပါးတိုက်ခတ်မှုတွေရှိတာဖြစ်ပြီး ယခု ဖိလစ်ပိုင်ကို ဝင်ရောက်ခဲ့သော အပူပိုင်းမုန်တိုင်းဟာ မြို့တော်အပြင်ဘက်တွင် ရင်ဘတ်လောက်အထိ ရေကြီးမှုကို ဖြစ်ပွားစေခဲ့တာလည်းဖြစ်ပါတယ်။မာရင်းဟုခေါ်ဆိုတဲ့ ဒီအပူပိုင်းမုန်းတိုင်းဟာ မနီလာမြို့ဘေးကနေဖြတ်သန်းတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ အစိုးရ မိုးလေဝသငှါန က ပြောကြားခဲ့ပါတယ်။ 

SOURCE - MIZZIMA - NEWS IN BURMESE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။