ဂင်းနစ်စံချိန်တင်ဖို့ဆိုတာ တကယ်ကို မလွယ်ကူလှတဲ့ ကိစ္စပါ။

ကမ္ဘာ့စံချိန်ချိုးသွားသူတိုင်းမှာ အများနဲ့မတူတဲ့ ရုပ်ရည်သွင်ပြင် နဲ့ ထူးခြားတဲ့ အရည်အသွေးကောင်းတွေ ရှိတတ်ကြတာပါပဲ။

အဲ့ဒီထဲက တစ်ယောက်အပါအဝင်ဖြစ်လာသူလေးကတော့ ရုရှားနိုင်ငံက မော်ဒယ်လေးတစ်ယောက်ပါ။

ရှုရှားမော်ဒယ် Ekaterina Lisina ဟာ သာမန်မော်ဒယ်တွေထက်ကို အရပ်အမောင်းနဲ့ ခြေထောက် သိသိသာသာ ရှည်လွန်းနေတာကတော့ ထူးခြားမှုတစ်ခုပါပဲ။

အရပ်(၆)ပေ (၈) လက်မ မြင့်တဲ့ သူမဟာ အစောပိုင်းထဲက ဂင်းနစ်မှတ်တမ်းများအဖွဲ့က သူမကို အသိမှတ်ပြုထားတာဖြစ်ပါတယ်။

သူမရဲ့ သွယ်လျရှည်လွန်းတဲ့ ခြေတံတွေကြောင့် ကမ္ဘာ့ခြေထောက်အရှည်ဆုံး အမျိုးသမီး အဖြစ် ဂင်းနစ်စံချိန်ရရှိထားပြီဖြစ်ပါတယ်။

Lisina ရဲ့ ဘယ်ဘက်ခြေထောက်အရှည်ဟာ (၁၃၂.၈)cm ရှည်လျားပြီး ညာဘက်ကတော့ (၁၃၂.၂)cm ရှိတယ်လို့ သိရပါတယ်။

သူမအနေနဲ့ ဂင်းနစ်စံချိန်ဝင်ချင်တဲ့ရည်ရွယ်ချက်က သူမလိုပဲ ကိုယ့်ရဲ့ ထူးခြားချက်တစ်ခုနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်မှာ အမျိုးသမီးထုတွေ သိမ်ငယ်စိတ်မဖြစ်အောင် ယုံကြည်မှုပိုရှိစေချင်တယ်လို့ ဆိုပါတယ်။ သူမဟာ ဒုတိယမြောက်စံချိန်အဖြစ် အရပ်အရှည်ဆုံးမော်ဒယ်အဖြစ်လည်း သတ်မှတ်ခံထားရသူဖြစ်ပါတယ်။  

Source : Elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။