သရုပ်ဆောင်လူမင်းဟာ ရုပ်ရှင်ဇာတ်ကားရိုက်ဖို့အတွက် ပြင်ဦးလွင်မြို့ကိုရောက်ရှိနေတာဖြစ်ပါတယ်။လူမင်းနဲ့သူ့ရဲ့ဇနီးဟာ လူငယ်လေးတွေလိုပါပဲ ချစ်စရာကောင်းနေပါတယ်။အနုပညာအလုပ်တွေကိုများစွာလုပ်ဆောင်နေရပြီး ရုပ်ရှင်ကားတွေလဲ အမြဲတမ်းရိုက်ကူးနေရတဲ့ အတွက်မအားလပ်ဘဲရှိကာ အားတုန်းလေးပြင်ဦးလွင်မြို့မှာ လျှောက်လည်နေကြတာဖြစ်ပါတယ်။

လွတ်လွတ်လပ်လပ် နှစ်ယောက်တည်းပျော်နေတာကို ကြည့်ရင်းကြည်နူးမိပါတယ်။လူမင်းဟာ သရုပ်ဆောင်လောကမှာ ၀ါရင့်သဘာရင့် မင်းသားတစ်ယောက်ဖြစ်ပါတယ်။အခုဆိုဇာတ်ကားတွေလည်း အမြဲတမ်းရိုက်နေရပါတယ်။လူမင်းရိုက်ခဲ့တဲ့ဇာတ်ကားတွေဟာ မရေမတွက်နိုင်လောက်အောင်များပြားလျှက်ရှိနေပါတယ်။သူ့ကိုအားပေးတဲ့ပရိတ်သတ်တွေလည်းများစွာရှိနေပါတယ်။

သူဟာ ရုပ်ရှင်အစည်းအရှုံးရဲ့ ဥက္ကဌနေမှာ နှစ်ပေါင်းများစွာတာဝန်ယူခဲ့ရပြီး အနုပညာလုပ်ငန်းတွေကို များစွာထမ်းဆောင်ခဲ့သူပါ။အခုတော့ သူဟာ အံဝင်ဂွင်ကျဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ရောက်ရှိနေတာဖြစ်ပြီး ပါ၀င်တဲ့သရုပ်ဆောင်တွေကတော့ လူမင်း၊သူရိယ၊ဂျိုကာ၊ခိုင်သင်းကြည်၊အိချောပို နှင့်အခြားအနုပညာရှင်များစွာပါ၀င်ကြပါတယ်။

သတင်းအရစ်အမြစ် - Ayarwaddy Lumin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။