စက်တင်ဘာ ၁၂ ရက်မှစတင်ကာ တူရကီသတင်းစာများတွင် တူရကီသည် ရုရှားထံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်များကို ဝယ်ယူရန် သဘောတူညီချက်၌ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း တူရကီသမ္မတ ရီဆပ်တေရစ်အာဒိုဂန်၏ ပြောကြားချက်ကိုဖော်ပြခဲ့ပါတယ်။ယခုလက်နက်ဝယ်ယူခဲ့ခြင်းမှာ တူရကီသည် ရုရှားထံမှ ပထမဆုံးအကြိမ် အကြီးစားလက်နက်ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။ထိုသလောတူဝယ်ယူခဲ့ခြင်းသည် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များကို နေတိုးအဖွဲ့ဝင်မဟုတ်သော နိုင်ငံတစ်နိုင်ငံနှင့် တူရကီတို့၏ အသိသာအထင်ရှားဆုံး သဘောတူညီချက်တစ်ခုလည်းဖြစ်သည်။

ယခုကဲ့သို့ ဝယ်ယူလိုက်ခြင်းကြောင့် အနောက်နိုင်ငံများအတွက် ၎င်းတို့၏နည်းပညာနှင့် မဟာမိတ်၏ စစ်အသုံးအဆောင်ကြားတွင် သဟဇာတမရှိမည်ကို စိုးရိမ်စရာဖြစ်လိမ့်မည်ဟုလည်းတွေးထားကြပါတယ်။“တူရကီသမ္မတနိုင်ငံရဲ့ ကာကွယ်ရေးကဏ္ဍအတွက် အမှီအခိုကင်းတဲ့ မူဝါဒတွေ၊ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာမှ ဆွေးနွေးဖို့ အခွင့်အရေးမရှိပါဘူး။ ကျွန်တော်တို့ ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချတာပါ။ ကိုယ့်နိုင်ငံကို ကာကွယ်ဖို့အတွက် လုံခြုံရေးနဲ့ ကာကွယ်ရေးတွေ လုပ်ဆောင်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု အာဒိုဂန်က ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။

ရုရှားအစိုးရဘက်ကလည်း “ဒီသဘောတူညီချက်အတွက် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအားလုံးဟာ မဟာဗျူဟာမြောက်တဲ့ အကျိုးစီးပွားအပေါ် မူတည်နေပါတယ်ဆိုတာကို ကျွန်တော် အာမခံပေးနိုင်ပါတယ်။ ဒီအကြောင်းရင်းကြောင့် တူရကီကို ဖိအားပေးဖို့ ကြိုးပမ်းနေကြတဲ့ အနောက်နိုင်ငံအချို့ရဲ့ တုံ့ပြန်မှုကို နားလည်နိုင်ပါတယ်” ဟု ဗလာဒီမာကိုချင်ကပြောကြားခဲ့ပါတယ်။

SOURCE - ELEVEN 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။