အားကစားသတင်းများ

နေရှင်နယ်လိဂ်ကနေကွယ်ပျောက်သွားတဲ့နေပြည်တော်FC

agu လွန်ခဲ့သော ၉ နေ့ က

နေရှင်နယ်လိဂ်ကနေကွယ်ပျောက်သွားတဲ့နေပြည်တော်FC

မြန်မာ့ဘောလုံးလောကအတွက်စိတ်မကောင်းစရာ

သတင်းတစ်ခုပါပဲ။ကစားသမားတွေကိုလုပ်ခလစာ

မပေးချေနိုင်တဲ့ပျဉ်းမနားအခြေစိုက်နေပြည်တော်FCကို

မြန်မာနေရှင်နယ်လိဂ်ကနေထုတ်ပါယ်ပစ်လိုက်ပါပြီ။

2010ကနေစပြီးမြန်မာနေရှင်နယ်လိဂ်မှာပြိုင်ပွဲ

ဝင်ခဲ့တဲ့အသင်း၊လက်ရွေးစင်ကစားသမားတွေများစွာ

မွေးထုတ်ပေးခဲ့တဲ့အသင်း၊MNLရဲ့အသင်းကြီး

တစ်သင်းအဖြစ်သတ်မှတ်ခံရတဲ့နေပြည်တော်အသင်း

အခုလိုဖြစ်ပျက်သွားတာကတော့ဝမ်းနည်းဖွယ်ရာအတိ

ပါပဲ။

နေပြည်တော်အသင်းဟာကစားသမားများနဲ့အုပ်ချုပ်သူ

နည်းပြတွေရဲ့လစာကိုလွန်ခဲ့တဲ့Aprilလကစတင်ပြီး

ပေးချေထားခဲ့ခြင်းမရှိပါဘူး။လစာအခက်အခဲဖြစ်နေတဲ့

နေပြည်တော်အသင်းသားတွေအနေနဲ့ပုံမှန်လေ့ကျင့်ရေးတောင်မပြုလုပ်နိုင်ခဲ့ပဲပြီးခဲ့တဲ့အပါတ်ကMNLပွဲစဉ်ကိုတောင်

လာရောက်ယှဉ်ပြိုင်ခြင်းမပြုလုပ်နိုင်ခဲ့ပါဘူး။နေပြည်တော်

အသင်းလာရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့လို့စက်တင်ဘာ12

ရက်နေ့မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေးမှာ

နေပြည်တော်အသင်းကိုထုတ်ပါယ်ကြောင်းကြေညာခဲ့ပါတယ်။

ကစားသမားတွေကိုကော်မတီရန်ပုံငွေထဲကနေ

စိုက်ထုတ်ပေးချေပေးသွားမယ်လို့လည်းသိရပါတယ်။

ဒါ့အပြင်လစာပြဿနာဖြစ်ပေါ်နေတဲ့ချင်းယူနိုက်တက်

ဘောလုံးအသင်းဘောလုံးအသင်းကိုလည်း

ကစားသမားများပုံမှန်လစာရရှိဖို့ဆွေးနွေးဆောင်ရွက်ပေး

ခဲ့တယ်လို့လည်းသိရပါတယ်။MNLကနေကွယ်ပျောက်သွားခဲ့ရတဲ့နေပြည်တော်FC ရေ

Good Bye ပါ။

Source-MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။