အနုပညာရှင်တစ်ယောက်ရဲ့ သားသမီးတွေကတော့ သူတို့ရဲ့ မိဘတွေရဲ့ အနုပညာဗီဇ ၀ါသနာပါတာကို တားစီးလို့မရနိုင်ပါဘူး။

ကိုယ့်ရဲ့ မျိုးဆက်သစ်သားသမီးလေးတွေကို သူတို့နည်းတူအောင်မြင်ကျော်ကြားစေချင်တာတော့ မိဘတိုင်းလိုလိုမှာရှိကြပါတယ်။

အဲ့ဒီအနက် တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ အဆိုတော်တွေအနေနဲ့လည်း သူတို့ရဲ့ သားသမီးတွေကို ဂီတအမွေပေးချင်ကြမှာမလွဲမသွေပါပဲ။

ပရိသတ်တွေချစ်ကြတဲ့ အဆိုတော်တွေဖြစ်တဲ့ ဂရေဟမ် အဲလက်နဲ့၊ ဖိုးကာ တို့ရဲ့ သီချင်းတွေကလည်း ခေတ်အလိုက် ရေပန်းစားခဲ့သလို လက်ရှိအချိန်ထိလည်း မရိုးနိုင်တဲ့ သီချင်းလေးတွေပါပဲ။ ဂီတာဘုရင်တစ်ဦးလို့တင်စားခံရတဲ့ ချစ်စမ်းမောင် ဆိုရင်လည်း အာရှမှာ နာမည်ကျော်ကြားတဲ့ အတီးသမားတစ်ယောက်ဖြစ်ပါတယ်။

လက်တလောအနုပညာအလုပ်တွေလုပ်နေကြပြီဖြစ်တဲ့ သူတို့ရဲ့ သမီးလေးတွေကတော့ ပရိသတ်တွေပါးစပ်ဖျား ရေပန်းစားနေပါပြီ။

ဂရေဟမ်ရဲ့ သမီး(၃)ယောက်အနက် တစ်ယောက်ဖြစ််တဲ့ ပန်းရောင်ခြယ် ဟာ သူမရဲ့ ဖခင်နဲ့အတူသီဆိုထားတဲ့ Wake up Daddy ဆိုတဲ့ သီချင်းခွေလေး ထုတ်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သွင်ပြင်လေးတွေနဲ့ သူမကတော့ ဂီတဘက်မှာသာမက ကြော်ငြာတွေပါလက်ခံရိုက်ကူးနေရပါတယ်။

မိတ်ဆက်ပေးချင်တဲ့ ဒုတိယတစ်ယောက်ကတော့ အဆိုတော် ဖိုးကာ ရဲ့ သမီးလေး ဖူးဖူးသစ်ကတော့ လက်တလောမှာ National Management တက်ရောက်နေရင်း ရှိုးပွဲတစ်ချို့မှာ သီချင်းတွေဆိုနေရပါတယ်။ ဒါ့ပြင် Logo တစ်ကိုယ်တော်စီးရီးခွေကိုလည်း ဖခင်ဖြစ်သူရဲ့ သင်ကြားပြသမှုတွေနဲ့အတူ ထွက်ရှိတော့မှာဖြစ်ပါတယ်။ အဖေဖြစ်သူဖိုးကာလိုပဲ ခေသူမဟုတ်လှပါဘူး။

သူမကတော့ အဆိုတော်အဲလက်ရဲ့ သမီးချောလေးပါ။ ဒိုရာအဲလက် ကလည်း အချောလေးပါပဲ။ သူမကတော့ EP Album လေးတစ်ခုထွက်ရှိဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

နောက်ထပ်ဆယ်ကျော်သက်တစ်ဦးကတော့ ဂီတာဘုရင်တစ်ပါးဖြစ်တဲ့ ချစ်စမ်းမောင်ရဲ့ သမီး ငဲငယ်လေးပါပဲ။ လူမှုကွန်ရက်ပေါ်မှာ တေလာဆွစ်ရဲ့ အင်္ဂလိပ်သီချင်းကို သူမကိုယ်ပိုင်ဟန်နဲ့သီဆိုထားတဲ့ ရုပ်သံက လူကြိုက်များနေသလို အိပ်မက်နဲ့ စိတ်ဓာတ် ဆိုတဲ့ စီးရီးခွေထွက်ထားပါတယ်။ အဲ့ဒီထဲမှာ ဖခင်နဲ့အတူ သီချင်းတစ်ပုဒ်အတူဆိုထားတယ်လို့ သိရပါတယ်။ သူမကတော့ မိန်းကလေးဆန်တဲ့ ဖက်ရှင်မျိုးဝတ်လေ့မရှိပေမယ့် သူမရဲ့ ထူးခြားတဲ့အသံကြောင့် လူသိများလှပါတယ်။

အခုလို နာမည်ကြီးဖခင်အဆိုတော်တွေရဲ့ ဂီတအမွေကို ဆက်ခံမယ့် တက်သစ်စ အဆိုတော်မလေးတွေကို ပရိသတ်ကြီး အားပေးကြမှာလား ။ 

Source- Cele fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။