ယမန်နေ့ညက ချန်ပီယံလိဂ်ပွဲစဉ်များ ကစားခဲ့ကြပါတယ်။ ဘောလုံးဝါသနာရျင်တွေအတွက်တော့ အိပ်ရေးပျက်ခံခဲ့ရတဲ့ ညတစ်ညပါ။ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် တစ်သင်းဖြစ်တဲ့ တော့တီဟမ်စပါးကတော့ ဒေါ့မွန်နှင့် ထိပ်တိုက်တွေ့ခဲ့ရပါတယ်။ ဒေါ့မွန်က လက်ရှိအချိန်မှာ ပုံစံကောင်းတွေများစွာ ပြသနိုင်ထားတဲ့ အသင်းကြီးပါ။

နှစ်ဘက်စလုံးကတော့ ကစားသမား စုံလင်စွာနှင့် ပွဲထွက်လာကြပါတယ်။ ပွဲစတယ်ဆိုတာနှင့်ပဲ စပါးကော ဒေါ့မွန်ပါ တိုက်စစ်ဖွင့်ကစားခဲ့ပါတယ်။ ပွဲစတယ်ဆိုတာနှင့်ပဲ သိပ်မကြာခင်မှာပဲ စပါးတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ အဆိုပါဂိုးကိုတော့ ပွဲချိန် ၄မိနစ်မှာ ဟာရီိကိန်း၏ ပေးပို့မှုကနေ ဆွန်ဟောင်မင်းက သွင်းယူပေးခဲ့ပါတယ်။ 

ပွဲချိန် ၁၁မိနစ်မှာတော့ ဒေါ့မွန်က ချေပဂီုးရခဲ့ပြီး ယာမိုလန်ကိုက အပြင်းသွင်းယူခဲ့ပါတယ်။ သို့သော် ပွဲကစားချိန် ၁၅မိနစ်မှာ စပါးတိုက်စစ်မှူး ဟာရီကိန်းက ဂိုးသွင်းခဲ့ပါတယ်။ ဟာရီကိန်းကပဲ ဆက်လက်၍ ပွဲချိန် ၆၀မိနစ်မှာ တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ တော့တီဟမ်စပါးအသင်းက ဒေါ့မွန်ကို ၃-၁ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ပါတယ်။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။