ယမန်နေ့ညကတော့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်များကိုကစားခဲ့ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိူင်တက်ကတော့ အိမ်ကွင်းမှာကစားခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက် အနေဖြင့် ဘေဆယ်ကို ယှဉ်ပြိုင်ခဲ့တာပါ။ ပထမပိုင်းမှာပဲ အသင်းခေါင်းဆောင် ပေါ့ဘာတစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ 

ထွက်သွားတဲ့ ပေါ့ဘာနေရာကို ဖယ်လိုင်နီနှင့် မော်ရင်ဟိုက အစားထိုးခဲ့ပါတယ်။ ဖယ်လိုင်နီအနေဖြင့် ပွဲချိန် ၃၅မိနစ်မှာ ယန်းရဲ့ပေးပို့မှုကနေ ၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းစတယ်ဆိုတာနှင့် မန်ချက်စတာယူနိုင်တက်က ဖိအားပေး တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ ပွဲချိန် ၅၃မိနစ်မှာတော့ တိုက််စစ်မှူး လူကာကူက ဘလင်းရဲ့ပေးပို့မှုကနေ ၁ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲချိန် ၈၃မိနစ်မှာတော့ လူစားဝင်လာတဲ့ လူငယ်တိုက်စစ်မှူး ရက်ဖို့က တတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပေါ့ဘာအနေဖြင့် ဒဏ်ရာနာကျင်သည့်ဒဏ်ကို အတော်အတန်ခံစားရဖွယ်ရှိပြီး လူစားလဲခံရပြီးနောက် အရံခုံတန်းသို့ စိတ်ပျက်လက်ပျက်ထွက်ခွာသွားခဲ့သည်။ ပွဲအပြီးတွင် ပေါ့ဘာအား အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်းမှ ချိုင်းထောက်ဖြင့် ထွက်ခွာသွားခဲ့သည်ကို တွေ့ရပြီး သူ၏ဒဏ်ရာအနေအထားအရ (၄)ပတ်မှ (၆)ပတ်အထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။ ပေါ့ဘာ သည် (၆)လအတွင်း တံကောက်ကြောဒဏ်ရာပြဿနာကို ဒုတိယအကြိမ်ခံစားရခြင်းလည်းဖြစ်သည်။ ယခုနှစ် မတ်လအတွင်းက ကစားခဲ့သော ၂၀၁၆-၁၇ ဘောလုံးရာသီ ယူရိုပါလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် မန်ယူ နှင့် ရော့စတော့ဗ်ပွဲတွင်လည်း ပေါ့ဘာသည် တံကောက်ကြောဒဏ်ရာရရှိခဲ့ ပြီး ရက်အနည်းငယ် အနားယူခဲ့ရသည်။

Hein

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။