ဗီယက်နမ်နည်းပြစာရင်းမှာပါဝင်လာတဲ့မြန်မာနည်းပြဂတ်

ဆီးဂိမ်းမှာဗီယက်နမ်ကျရှုံးမှုနဲ့အတူဗီယက်နမ်နည်းပြ

ငုယင်ဟူသန်းနုတ်ထွက်သွားခဲ့တာအားလုံးသိကြမှာပါ။

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်VFFအနေနဲ့နိုင်ငံသား

နည်းပြကိုခန့်အပ်လိုခြင်းအလျင်းမရှိဘဲ နိုင်ငံခြားသား

နည်းပြတစ်ဦးကိုအပူတပြင်းရှာဖွေနေပါတယ်။

တကယ်တော့မျှော်လင့်ချက်ကြီးမားလှတဲ့

ဗီယက်နမ်ပြည်သူတွေကြောင့်ဗီယက်နမ်နည်းပြရာထူးဟာ

တကယ့်ထိုင်ခုံပူကြီးပါ။

ရက်စတားဘဲဂရိတ်နည်းပြဟောင်းပက်ထရိုဗစ်၊

ထိုင်းနည်းပြဟောင်းဝင်းဖရက်ရှက်ဖာ၊ဗီယက်နမ်

နည်းပြဟောင်းတစ်ဦးဖြစ်တဲ့အဲဖရက်ရီဒယ်စတဲ့

နည်းပြတွေဟာဗီယက်နမ်နည်းပြဖြစ်ဖို့တစ်ပြေးနေကြပါတယ်။

အခုနောက်ဆုံးသတင်းတွေအရမြန်မာနည်းပြဂတ်ဆီဇီပါ

ဗီယက်နမ်နည်းပြလျာထားစာရင်းရှည်ကြီးမှာ

ပါဝင်လာခဲ့ပြီလို့သိရပါတယ်။အသက်65နှစ်ရှိဂျာမန်နည်းပြကြီးဟာဗီယက်နမ်ကလပ်ဒါနန်း

အသင်းရဲ့အားကစားဒါရိုက်တာလုပ်ခဲ့ဖူးသူမို့

တခြားလျာထားနည်းပြတွေထက်အလေးသာနေတယ်လို့

ဗီယက်နမ်ကလာတဲ့သတင်းတွေကပြောပါတယ်။ပက်ထရိုဗစ်ဟာလက်ရှိV-League ကလပ်အသင်း

တစ်သင်းကိုကိုင်တွယ်နေပေမယ့်ဗီယက်နမ်နည်းပြထိုင်ခုံပူကို

သူမထိုင်ချင်ဘူးလို့ပြောထားပါတယ်။

အဲ့ဒါကြောင့်လက်ရှိမှာဗီယက်နမ်နည်းပြဖြစ်လာနိုင်ချေ

ရှိတဲ့သုံးယောက်ဟာဝင်းဖရက်ရှက်ဖာ၊အဲဖရက်ရီဒယ်နဲ့

ဂတ်ဆီဇီပါ။မစ္စတာဂတ်ရဲ့ကိုယ်စားလှယ်အေးဂျင့်ဖြစ်သူကလည်း

VFFဆီကိုသူ့ရဲ့ကိုယ်ရေးအချက်အလက်တွေပေးပို့ထားပြီလို့သိရပါတယ်။မြန်မာအသင်းနဲ့ကတ္တီပါလမ်းခွဲတော့မှာလား

မစ္စတာဂတ်။

Source-Zing.VN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။